MyHealthcare

လည်ပင်းအရိုးစူးတဲ့အခါ ပြုလုပ်သင့်တဲ့အရာများ

ငါးရိုးစူးခြင်းဟာ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာမျိုးတော့ မဟုတ်ပေမယ့် ခံစားရခက်တဲ့ဝေဒနာတမျိုးလို့တော့ ပြောလို့ရပါတယ်။ အရိုးစူးတဲ့အခါ အစားအသောက်ပျက်ပြီး နေရထိုင်ရခက်တာကြောင့် အမြန်ဆုံးသက်သာချင်စိတ်နဲ့ မလုပ်သင့်တာတွေ လုပ်မိတတ်ပါတယ်။

ဒါကြောင့်မို့လို့ မတော်တဆလည်ပင်း အရိုးစူးတဲ့အခါ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သံပရာရည်

သံပရာသီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ဟာ လည်ချောင်းတဝိုက်မှာ ထောက်နေတဲ့ ငါးအရိုးကို ပျော်ကျသွားစေ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်လောက်ကို ရေအနည်းငယ်နဲ့ရောပြီး သောက်ပေးသင့်ပါတယ်။

အပူလောင်ဒဏ်ရာကို သွားတိုက်ဆေးမသုံးသင့်တဲ့အကြောင်းအရင်း

ရေနွေးပူလောင်တာ၊ ဆီပူလောင်တာနဲ့ အပူလောင်တာမျိုးတွေ ဖြစ်တဲ့အခါ တော်တော်များများက လွယ်လွယ်ကူကူ အိမ်သုံးဆေးအဖြစ် သွားတိုက်ဆေးကို အပူလောင်ထားတဲ့ အရေပြားပေါ်မှာ သုတ်လိမ်းတတ်ကြပါတယ်။

သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်း အေးမြတဲ့ အထိအတွေ့ကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်တယ်လို့ ထင်ရပေမယ့် ဒါဟာ အရေပြားအတွက် ကြီးကြီးမားမား အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ရှင်းလင်းပြောဆိုထားပါတယ်။

ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု Telemedicine ဆိုတာ

ယနေ့ကမ္ဘာမှာ အသုံးပြုနေကြတဲ့ Telemedicine ဆိုတာဟာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီးအင်တာနက်၊တယ်လီဖုန်းအစရှိသည်တို့ကနေ ဆရာဝန်နဲ့လူနာ တိုက်ရိုက်ဆက်သွယ်ပြီးတော့ ဆေးကုသမှုခံယူခြင်းပဲ ဖြစ်ပါတယ်။

ဒီနည်းပညာကို ၁၉၆၀ခုနှစ်ခန့်မှာ စတင်တီထွင်အသုံးပြုခဲ့ကြပြီး ၂၀၁၄ခုနှစ်ဝန်းကျင်မှာတော့ တွင်ကျယ်စွာ အသုံးပြုလာကြတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ၂၀၁၇ခုနှစ်ဝန်းကျင်ခန့်က စတင်ပြီးတော့ Telehealth service တွေကို လက်ခံအသုံးပြုနေကြပြီဖြစ်ပါတယ်။ ☺️

ကိုယ်ဝန်ဆောင်မိခင်များ ဘာကြောင့် Ultrasound (တယ်လီဗွီးရှင်းဓာတ်မှန်) ရိုက်သင့်သလဲ

ကိုယ်ဝန်ဆောင်မိခင်များ ဘာကြောင့် Ultrasound (တယ်လီဗွီးရှင်းဓာတ်မှန်) ရိုက်သင့်သလဲ
-----------------------------------------------------------

• Ultrasound တယ်လီဗွီးရှင်းဓာတ်မှန် လို့ပြောလိုက်တာနဲ့ မိခင်လောင်းတိုင်းက ကိုယ့်ရင်သွေးလေး ယောကျာ်းလေးလား မိန်းကလေးလား သိချင်စိတ်နဲ့ ရိုက်ကြည့်ချင်ကြတာပါ.

ခန္ဓာကိုယ်မှာ Vitamin C ဓာတ်ချို့တဲ့နေကြောင်း သတိပေးတဲ့ လက္ခဏာများ

ဗီတာမင်စီဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေထဲက တမျိုးဖြစ်ပြီး ဗီတာမင်စီ ချို့တဲ့တဲ့အခါ ရေရှည်မှာ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေမှာ အများဆုံးပါဝင်တာကြောင့် ခဲခဲယဉ်းယဉ်း ရှာဖွေစားသောက် နေစရာ မလိုပါဘူး။

အခုဖော်ပြပေးမှာကတော့ ဗီတာမင်စီ ချို့တဲ့နေကြောင်း ခန္ဓာကိုယ်က သတိပေးနေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၁) သွားဖုံး သွေးယိုတာမျိုးနဲ့ ရောင်ရမ်းတာတွေ ဖြစ်ပေါ်မယ်

ညဘက် ရေချိုးရင် ဘယ်လိုကောင်းကျိုးတွေရရှိသလဲ..?

လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျို လန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ် လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲက တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ညဘက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာ ကြည့်ရအောင်ပါ။

ခါးနာခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

ခါးနာခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းများ
------------------------------------------------------

ကျောရိုးအဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်းကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ ခါးနာခြင်း (Back pain) ဖြစ်ပေါ်လာရပါတယ်။ ခါးနာခြင်းဟာ လူတစ်ဦးရဲ့လှုပ်ရှားသွားလာမှုကို ခံရခက်စေပြီး နာတာရှည်ရောဂါဖြစ်သွားလျှင် ကုသရခက်ခဲစေပါတယ်။ အဲဒါကြောင့် ခါးနာခြင်းဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ဖို့အောက်ပါနည်းလမ်း ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခါးကွေးပြီး မထိုင်ပါနဲ့။

အမျိုးသမီးများ သတိပြုသင့်တဲ့ ရေအိတ်တည်ခြင်း

အမျိုးသမီးများ သတိပြုသင့်တဲ့ ရေအိတ်တည်ခြင်း
-------------------------------------------------

ရေအိတ်တည်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ပေမယ့် နေထိုင်စားသောက်မှုပုံစံ ပြောင်း လဲလာတာ၊ စိတ်ဖိစီးမှု များလာတာတွေနဲ့ အဓိက သက်ဆိုင်တယ်။ ဓာတုဆိုးဆေး မကင်းတဲ့ အစားအသောက်တွေ အစားများလာတယ်။ အဲဒီဆိုးဆေး၊ ပလပ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်။ အဲဒါတွေက အမျိုးသမီးတွေမှာ သွားပြီး ဒုက္ခပေးတာလို့ ပြောပါတယ်။ ဒီလိုရေအိတ် တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ်ဝဝဗိုက်ခေါက် ထူထူ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုတယ်။

သက်ရှည်ကျန်းမာစွာ နေချင်သူတွေ ပြုလုပ်သင့်တဲ့အရာများ

အသက်ရှည်ရှည်မနေချင်တဲ့ သူဆိုတာ ခပ်ရှားရှားပါ။ ရှေးယခင်က အင်္ဂလိပ်လူမျိုးတွေဟာ အသက်ရှည်ရှည်နေချင်ရင် သင့်ထက် အသက်ငယ်တဲ့သူတွေနဲ့ ပေါင်းပါ ဆိုတဲ့ အယူအဆရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်ရှည်ရှည်နေချင်သူတွေ လိုက်နာရမယ့် လျှို့ဝှက်နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

သီချင်းဆိုပါ

ဆွီဒင်မှာ ရှိတဲ့ သုသေသနပညာရှင်တွေရဲ့ လေ့လာချက်အရ သီချင်းဆိုတာဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ကလည်း သီချင်းဆိုခြင်းဟာ ပျော်ရွှင်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးတာ ကြောင့် ကျန်းမာပြီး အသက်ရှည်တယ်လို့ ဆိုပါတယ်။

အဆက်အသွယ် မပြတ်ပါစေနဲ့

အစားလျော့စားပင်မယ့် ကိုယ်အလေးချိန် ဘာကြောင့် မြင့်တက်လာရတာလဲ..?

ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အစားအသောက်တွေကိုလည်း ဆင်ခြင်စားသုံးနေတယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်နေပေမယ့် ဝိတ်ကျ မသွားဘဲ ကိုယ်အလေးချိန် ဆက်လက်မြင့်တက်နေတုန်းပဲ ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁) အိပ်ရေးပျက်ခြင်း

အိပ်စက်ချိန်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဖြစ်စဉ်တခုပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ အစားအသောက်တွေကို ဆင်ခြင်စားသုံးနေပေမယ့် လုံလောက်တဲ့ အိပ်စက်ချိန် မရှိဘူး ဆိုရင်တော့ ဒါဟာ သင့်ကို ကိုယ်အလေးချိန် မြင့်တက်စေနေတဲ့ အချက် တချက်ပဲ ဖြစ်ပါတယ်။

Featured on