ခါးနာခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

ခါးနာခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းများ
------------------------------------------------------

ကျောရိုးအဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်းကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ ခါးနာခြင်း (Back pain) ဖြစ်ပေါ်လာရပါတယ်။ ခါးနာခြင်းဟာ လူတစ်ဦးရဲ့လှုပ်ရှားသွားလာမှုကို ခံရခက်စေပြီး နာတာရှည်ရောဂါဖြစ်သွားလျှင် ကုသရခက်ခဲစေပါတယ်။ အဲဒါကြောင့် ခါးနာခြင်းဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ဖို့အောက်ပါနည်းလမ်း ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခါးကွေးပြီး မထိုင်ပါနဲ့။

ကုလားထိုင်ခုံမှာထိုင်တဲ့ ပုံစံအနေအထားဟာ ခါးနာခြင်းကိုဖြစ်စေတဲ့အဓိက အကြောင်းအရာပဲ ဖြစ်ပါတယ်။ ခါးမတ်မတ်မထားဘဲ ခါးကွေး၍ကြာရှည်စွာ ထိုင်ပြီး အလုပ်လုပ်ခြင်းမျိုး၊ ကွန်ပျူတာအချိန်ကြာမြင့်စွာ အသုံးပြုခြင်းမျိုးကြောင့် ကျောရိုးတလျောက် အဆစ်အမြစ် ကြွက်သားများကို အလွန်အကျွံဖိအားသက်ရောက်စေပြီး ခါးနာခြင်းကို စတင်ဖြစ်ပေါ်စေပါတယ်။ ခါးနာခြင်းလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီဆိုရင် မိမိအထောက်အကူပြုမယ့်ပုံစံ အနေအထားနဲ့ထိုင်ပြီး နာကျင်မှုကိုလျှော့ချပါ။

၂။ အလေးအပင်မခြင်းများမှ ရှောင်ကြည်ပါ။

အလေးအပင်ခဏခဏမခြင်းကြောင့် ခါးနာခြင်းကို ဖြစ်ပေါ်စေပါတယ်။ သင့်အလုပ်ဟာ အလေးအပင်အမြဲ မနေရမယ်ဆို သင့်အလုပ်ရှင်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး အလေးမခြင်းကိုရှောင်ရှားဖို့လိုအပ်နေပါပြီ။

၃။ လမ်းလျှောက်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပါ။

လမ်းလျှောက်ခြင်းဟာ ခါးရိုးဆစ်အတွက် များစွာအထောက်အကူပြုပါတယ်။ ခါးရိုးကြွက်သားများကို သန်မာစေပြီး အဆစ်များလှုပ်ရှားမှုနှင့် အရွတ်အဝိုင်းပြားများကို ပိုမိုကောင်းမွန်စေပါတယ်။ မလှုပ်ရှားဘဲ တစ်နေကုန်တီဗီထိုင်ကြည့်သူများဟာ ခါးနာခြင်းကို အများဆုံးဖြစ်စေနိုင်ပါတယ်။ လမ်းမှန်မှန်လျှောက်ကာ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ခါးနာခြင်းမှကင်းဝေး စေပါတယ်။

၄။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှားပါ။

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး ခန္ဓာကိုယ်တွင်မကောင်းသော သက်ရောက်မှုများကို ဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခါးနာမှု ဖြစ်နိုင်ချေကို များပြားစေတယ်လို့ အချို့လေ့လာချက်များက ဖော်ပြထားပါတယ်။ အကယ်၍ ခါးနာခြင်းဝေဒနာများဖြစ်ပေါ်နေခဲ့ရင် သင့်အနေနဲ့ဆေးလိပ်ဖြတ်ရန် ဆရာဝန်နှင့် တိုင်ပင်ပြသခြင်းဖြင့် ခါးနာကျင်ခြင်းကို ကုသဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။

၅။ နေထိုင်မှုပုံစံများကို ဂရုစိုက်ပါ။

အလွန်ပျော့သောမွေ့ရာပေါ်တွင် အိပ်ခြင်း၊ မာသောမွေ့ရာတွင်အိပ်ခြင်း၊ ဆိုဖာထူသော ကုလားထိုင်တွင် ကြာရှည်စွာထိုင်ရခြင်း၊ ကုလားထိုင်အစွန်းတွင် ကြာရှည်စွာထိုင်မိခြင်းတို့ကြောင့် ခါးနာခြင်းနှင့် ကျောဆစ်ရိုးလွဲခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

#MyHealthcare #HealthPlatformforMyanmar

Page views: 383

Healthy Organization, provided by MyHealthcare

Featured on