ခန္ဓာကိုယ်မှာ Vitamin C ဓာတ်ချို့တဲ့နေကြောင်း သတိပေးတဲ့ လက္ခဏာများ

ဗီတာမင်စီဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေထဲက တမျိုးဖြစ်ပြီး ဗီတာမင်စီ ချို့တဲ့တဲ့အခါ ရေရှည်မှာ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေမှာ အများဆုံးပါဝင်တာကြောင့် ခဲခဲယဉ်းယဉ်း ရှာဖွေစားသောက် နေစရာ မလိုပါဘူး။

အခုဖော်ပြပေးမှာကတော့ ဗီတာမင်စီ ချို့တဲ့နေကြောင်း ခန္ဓာကိုယ်က သတိပေးနေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၁) သွားဖုံး သွေးယိုတာမျိုးနဲ့ ရောင်ရမ်းတာတွေ ဖြစ်ပေါ်မယ်

ဗီတာမင်စီဟာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဓာတ်တမျိုး ဖြစ်တာကြောင့် ဗီတာမင်စီချို့တဲ့တဲ့အခါ သွားဖုံးသွေးယိုတာ၊ ရောင်ရမ်း နာကျင်တာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(၂) အအေးမိ၊ ဖျားနာခြင်းတွေ မကြာခဏ ဖြစ်ပေါ်မယ်

ခန္ဓာကိုယ် ခုခံအားစနစ်အတွက် ဗီတာမင်စီဟာ မဖြစ်မနေ လိုအပ်တာကြောင့် ဗီတာမင်စီ ချို့တဲ့တဲ့အခါ မကြာခဏဆိုသလို အအေးမိ၊ ဖျားနာခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(၃) အရိုး၊ အဆစ်တွေ နာကျင် ကိုက်ခဲမယ်

အကြောင်းရင်း မယ်မယ်ရရ မရှိဘဲနဲ့ လမ်းလျှောက်တဲ့အခါ ဒူး၊ ခြေကျင်းဝတ် စတာတွေ နာကျင်မယ်၊ အထိုင်အထ ပြုလုပ်တဲ့အခါ ခါးနေရာကနေ မကြာခဏဆိုသလို နာကျင် ကိုက်ခဲနေမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း သိရှိနိုင်ပါတယ်။

(၄) အသားအရေတွေ ခြောက်သွေ့ကြမ်းတမ်းနေမယ်

ရေများများသောက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းနေပေမယ့် အသားအရေတွေဟာ ခြောက်သွေ့ကြမ်းတမ်းနေမယ်၊ အနည်းငယ် ထိခိုက်မိရုံနဲ့ အညိုမည်း စွဲလွယ်မယ်ဆိုရင်တော့ ဒါဟာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသတဲ့ လက္ခဏာ တခုပါ။

(၅) အလိုလိုနေရင်း ပင်ပန်း နွမ်းနယ်နေမယ်

အိပ်ရေးပျက်တာမျိုးနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရတာမျိုးတွေကြောင့် မဟုတ်ဘဲ အလိုလိုနေရင်း ပင်ပန်းနွမ်းနယ် နေသလို ခံစားနေရတာဟာ ခန္ဓာကိုယ်မှာ ဗီတာမင်စီဓာတ် လိုအပ်နေကြောင်း ပြသတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2KN0JSv
----------------------------------------
www.myhealthcare.com.mm

Page views: 515

Healthy Organization, provided by MyHealthcare

Featured on