ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေတဲ့ အမူအကျင့်များ

ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေတဲ့ အမူအကျင့်များ
-------------------------------------------------------------
ဆေးလိပ်သောက်တာ၊ အသင့်စား အစားအစာတွေကို နေ့စဉ်နီးပါး စားသုံးနေ မှ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ တခါတရံမှာ သင်မထင်မှတ်ဘဲ ပြုလုပ်လိုက်တဲ့ အလေ့အကျင့်တွေဟာ သင့်ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအကြောင်းအရာတွေ သတိပြုမိနိုင်အောင် သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အမူအကျင့်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပလတ်စတစ် ရေဘူးတွေနဲ့ ရေထည့်သောက်ခြင်း

နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့အခါ ပလတ်စတစ် ရေသန့်ဘူးတွေနဲ့ အလွယ်တကူပဲ ရေထည့်သောက်တတ်ကြပါတယ်။ ပလတ်စတစ် ရေသန့်ဘူးတွေဟာ သာမန် အခန်းအပူချိန်မှာတောင် ဓာတုပစ္စည်းတွေ ယိုစိမ့်ထွက်နိုင်တာကြောင့် ပလတ်စတစ် ဘူးတွေနဲ့ ရေထည့်သောက်ခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အလေ့အကျင့် တခုပါ။

(၂) ခပ်မြန်မြန် အစားစားခြင်း

လေ့လာသူတွေရဲ့အဆိုအရ အစားစားတဲ့အခါ မိနစ် ၂၀ ခန့်အထိ အချိန်ယူပြီး ကျေညက်အောင် အေးဆေးစွာ စားသင့်တယ်လို့ ဆိုပါတယ်။ ခပ်မြန်မြန် အစားစားခြင်းဟာ နှလုံးရောဂါ၊ ဆီးချိုနဲ့ ကိုယ်အလေးချိန်မြင့်တက်ခြင်းတု့ိနဲ့လည်း ဆက်စပ်နေတာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

(၃) တနေကုန် ထိုင်ရာမထ အလုပ်လုပ်ခြင်း

တနေကုန် ထိုင်ရာမထဘဲ အလုပ်လုပ်ခြင်းနဲ့ အထိုင်များခြင်းတို့ဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုနဲ့ တခြားသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် အထိုင်များခြင်းကို ဆင်ခြင်သင့်ပါတယ်။

(၄) မကြာခဏ နားကလိခြင်း

နားကြပ်တံကို အသုံးပြုပြီး နားသန့်ရှင်းရေး ပြုလုပ်ခြင်းဟာ နားအတွင်းထဲက နားဖာချေးတွေကို အထဲထိရောက်အောင် ပြုလုပ်ပေးနေသလိုဖြစ်ပြီး နားအတွင်း ပိုးဝင်ခြင်းကို ဖြစ်စေနိုင်တာကြောင့် မကြာခဏ နားကလိတာမျိုး မပြုလုပ်သင့်ပါဘူး။

(၅) အီလက်ထရောနစ် ပစ္စည်းတွေကို အိပ်ရာထဲထိ ယူသွားခြင်း

ဖုန်း၊ Tablet နဲ့ Laptop စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အိပ်ရာထဲထိ ယူဆောင်သွားခြင်းဟာ အိပ်စက်ခြင်းစနစ်ကို ထိခိုက်စေနိုင်သလို ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုလည်း လေးလံ ထိုင်းမှိုင်းစေပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2KN0JSv
----------------------------------------
www.myhealthcare.com.mm

#MyHealthcare #HealthPlatformforMyanmar

Page views: 214

Healthy Organization, provided by MyHealthcare

Featured on