၂၄နာရီ အတွင်းသေဆုံးနိုင်တဲ့ ရောဂါများ

၂၄နာရီ အတွင်းသေဆုံးနိုင်တဲ့ ရောဂါများ
~~~~~~~~~~~~~~~~~~~~~~~~~~~~

လူကို သေစေနိုင်တဲ့ ရောဂါပေါင်းများစွာ ရှိပေမယ့် တချို့သော ရောဂါတွေဟာ နာတာရှည် ရောဂါတွေ ဖြစ်တာကြောင့် ချက်ချင်းဆိုသလို အသက်ဆုံးရှုံးတာမျိုး မဖြစ်နိုင်ပါဘူး။ အခုဖော်ပြပေးမယ့် ရောဂါအမျိုးအစားတွေကတော့ ၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါတွေ ဖြစ်တာကြောင့် သတိပြုဆင်ခြင်နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

► လေဖြတ်ခြင်း

ဦးနှောက်တွင်း သွေးကြောတွေ ပိတ်ဆို့ရာကနေ ဦးနှောက်တွင်းကို အောက်ဆီဂျင် မရောက်ရှိတော့တာကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်လာတာဖြစ်ပြီး ဆိုးရွားပြင်းထန်တဲ့ လေဖြတ်ရောဂါတွေဟာ ၂ နာရီအတွင်း အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။

► ငှက်ဖျားရောဂါ

ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါဟာဆိုရင်လည်း ၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါတွေထဲက တခုပဲဖြစ်ပါတယ်။ ငှက်ဖျားပိုးဟာ အောက်ဆီဂျင်ပို့ဆောင်ပေးတဲ့ သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် သေစေနိုင်တာ ဖြစ်ပါတယ်။

► သွေးလန့်ခြင်း

Toxic Shock Syndrome လို့ ခေါ်တဲ့ သွေးလန့်ခြင်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါပဲဖြစ်ပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပုံမှန် လဲလှယ်ခြင်း မရှိတာမျိုးနဲ့ Tampon တွေကနေတဆင့် ပိုးဝင်ပြီး သေဆုံးနိုင်တဲ့ ရောဂါတမျိုးပဲဖြစ်ပါတယ်။

► အပြင်းဖျားခြင်း

တုပ်ကွေးကြောင့် အပြင်းအထန်ဖျားနာပြီး သေဆုံးမှုတွေဟာ လက်ရှိအချိန်ထိ မြင့်တက်နေဆဲ ဖြစ်တာကြောင့် ရိုးရိုးသာမန် အဖျားလောက်ပဲဆိုပြီး ပေါ့ဆ မနေသင့်ပါဘူး။

► ရုတ်တရက် နှလုံးရပ်ခြင်း

နှလုံးရောဂါရှိသူတွေမှ မဟုတ်ဘဲ ရိုးရိုးသာမန်လူတွေမှာလည်း ရုတ်တရက် နှလုံးခုန်ရပ်ခြင်း (Heart Attack) ဖြစ်နိုင်တာကြောင့် နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးသင့်သလို နှလုံးရောဂါရှိသူတွေအနေနဲ့လည်း သတိထားသင့်ပါတယ်။

► ဝမ်းရောဂါ

မသန့်ရှင်းတဲ့ အစားအသောက်တွေနဲ့ ရေကြောင့်ဖြစ်တဲ့ ဝမ်းရောဂါဟာဆိုရင်လည်း ရောဂါ ပြင်းထန်လွန်းရင် နာရီပိုင်းအတွင်း သေဆုံးနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 346

Healthy Organization, provided by MyHealthcare

Featured on