အအေးမိတုပ်ကွေး လက္ခဏာများနှင့် အထိရောက်ဆုံးကာကွယ်မှုများ

အအေးမိတုပ်ကွေး လက္ခဏာများနှင့် အထိရောက်ဆုံးကာကွယ်မှုများ
--------------------------------------------------------------------------

မိုးလေး အေးလာတာနဲ့ ဖျားနာမှု တွေကလည်း အစပြုလာပါ တော့တယ်။ အကြောင်းက တော့ အေးမြတဲ့ ရာသီဥတုမှာ တုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ် တွေက ရှင်သန် ပေါက်ဖွားလွယ်ကြသလို ပူနွေးတဲ့ အချိန်တွေမှာထက် အချိန်ကြာ ကြာ ပိုပြီး အသက်ရှင်နိုင်တာကြောင့် အေးမြတဲ့ ရာသီဥတုတွေ ဖြစ်တဲ့ မိုးတွင်းနဲ့ ဆောင်းတွင်းမှာ 
အအေးမိတုပ်ကွေး အဖြစ်များကြပါတယ်။

တုပ်ကွေးက ခံစားရခက်တဲ့ ဝေဒနာ တစ်ခုဖြစ်သလို အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တာကြောင့် မဖြစ်ခင်က ကြိုတင် ကာကွယ်တာက အ ကောင်းဆုံးဖြစ်မှာပါ။
သည်တော့ အေးမြတဲ့ မိုးတွင်းမှာ တုပ်ကွေး ကြောင့် စိတ်မညစ် ရစေဖို့ သည်အချက် လေးတွေကို လိုက်နာ စေချင်ပါတယ်။

အာဟာရပြည့်ဝအောင် စားပါ။

ဒါကတော့ တုပ်ကွေးတင် မဟုတ်ဘဲ ရောဂါပိုးတိုင်းကို တိုက်ထုတ် ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ အာဟာရ ပြည့်ဝမှ ကိုယ်ခံအား ကောင်း ပြီး ရောဂါပိုး တွေကိုအကောင်းဆုံး တိုက်ထုတ် နိုင်မှာပါ။ ဒါကြောင့် အချိန်မှန်မှန်နဲ့ သန့်ရှင်း လတ်ဆတ်ပြီး အာ ဟာရ ပြည့်ဝတဲ့ အစားအစာ တွေကို စားသုံးပေးရမှာဖြစ်ပါတယ်။

အိပ်ရေးဝပါစေ။

တစ်ညတာမှာ အနည်းဆုံး အိပ်ချိန်ကို ခုနစ်နာရီလောက်တော့ ရှိအောင် အိပ်ပေးပါ။ ညဉ့်နက်တဲ့ အထိ ဖုန်းသုံးတာ၊ ရုပ်ရှင်ကြည့် တာ၊ ဂိမ်းဆော့တာမျိုးတွေ၊ အလုပ်လုပ်တာမျိုးတွေ မလုပ်ပါနဲ့။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။

နေ့စဉ် ပုံမှန်ရေချိုးပေးတာ၊ ခြေ သည်း၊ လက်သည်းညှပ်တာ နဲ့ ခေါင်းလျှော်တာ အပါအဝင် လို အပ်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု တွေကို သေချာလေး ဂရုစိုက်ပေးပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက ရောဂါပိုးတွေကိုကာကွယ်တဲ့ ရိုးစင်းတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ အစားမစားခင်၊ အပြင်က ပြန်လာတိုင်း၊ ရေအိမ်က ထွက်တဲ့အချိန်နဲ့ ညစ်ပေတဲ့အရာ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို သန့်စင်အောင် ဆေးကြော ပေးပါ။

နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။

နေထိုင်ရာအိမ်၊ ရုံးခန်းတွေကို သန့် ရှင်း သပ်ရပ်နေအောင်ထားပါ။ ဖုန်တွေဖယ်ရှားပါ။ ရီမုနဲ့ ဖုန်းတွေကနေ စလို့ နေ့စဉ် ကိုင်တွယ် အသုံးပြုနေတဲ့ ပစ္စည်း တွေကို သန့်ရှင်းရေး လုပ်ပေးပါ။ ကော်ဇော တွေကိုလည်း သန့်ရှင်းဖို့ မမေ့ပါနဲ့။

လေ့ကျင့်ခန်းလုပ်ပါ။

တစ်နေ့ကို အနည်းဆုံး နာရီ ဝက်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခံအား ကောင်းစေ နိုင်သလို နေ့ရက်တိုင်းမှာ တက်ကြွလန်း နေစေမှာ အသေအချာပါ။ အနည်းဆုံး လမ်းလျှောက်တာ လောက် ပုံမှန်လုပ်ပေးပါ။

ကာကွယ်ဆေးထိုးပါ။

အထိရောက်ဆုံး နည်းလမ်း တစ်ခု ပေါ့။ တုပ်ကွေးရာသီ မစလာခင် ကတည်းက တုပ်ကွေးကာကွယ်ဆေး ထိုးထားလိုက် တာက တစ်ရာသီလုံး စိတ်အေးလက်အေးနဲ့ တုပ်ကွေးကို ခပ်ကင်းကင်း နေ နိုင်စေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါ တယ်။

ဆေးလိပ်နဲ့ အရက် လျှော့သောက်ပါ။

အရက်နဲ့ ဆေးလိပ်သောက် သုံးမှုက ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ကိုယ်ခံအားကို ထိ ခိုက် စေနိုင်တာကြောင့် အခုလို ချမ်းစိမ့် စိမ့် မိုးရာသီမှာ တုပ်ကွေး ပိုဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အရက် နဲ့ ဆေးလိပ်ကို လျှော့သောက်ပါ။

အခုပြောခဲ့တဲ့ အချက်လေး တွေကိ ု ဂရုစိုက်လို့ တုပ်ကွေးအန္တရာယ်က နေ အထိရောက်ဆုံးကာကွယ်လိုက်ပါ။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 391

Healthy Organization, provided by MyHealthcare

Featured on