အသားအရေနဲ့အလှအပအတွက် နေကြာစေ့အသုံးဝင်ပုံ

နေကြာစေ့ဟာ မြန်မာနိုင်ငံမှာဆိုရင် အလွယ်တကူ ရရှိနိုင်သလို လူတိုင်းနီးပါးကြိုက်တဲ့ အစားအစာဖြစ်ပါတယ်။ နေကြာစေ့ဟာ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေပါတယ်.....ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ အလွန်အကျွံမစားမိဖို့တော့ လိုပါတယ်။

  • နေကြာစေ့ဟာ အမျှင်ဓာတ်ကြွယ်ဝရုံသာမက ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် ဝိတ်ကျပြီးသွယ်လျနေစေပါတယ်။ အနည်းငယ်စားရုံနဲ့ ဗိုက်ပြည့်စေနိုင်ပြီး အားအင်လည်းပြည့်ဖြိုးစေပါတယ်…
  • နေကြာစေ့ထဲမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကြည်လင်ဝင်းပပြီး နုပျိုနေစေပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
  • နေကြာစေ့ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေရုံသာမက စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ် ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပြီး ပင်ပန်းမှုတွေအားလုံးကို ပြေလျော့သွားစေနိုင်ပါတယ်
  • နေကြာစေ့ဟာ အသားဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သက်သတ်လွတ်စားသုံးသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ နေကြာစေ့စားတဲ့သူက အသားမစားရင်တောင် အသားဓာတ်ပြည့်နေပြီးသားဖြစ်နေမှာပါ
  • နေကြာစေ့ဟာ အသားအရေကို လှပစေရုံသာမက ဆံပင်ကိုလည်း သန်စွမ်းကျန်းမာပြီး ထူလာစေပါတယ်။ ခြေသည်းလက်သည်းတွေကိုလည်း ကျန်းမာစေပါတယ်…

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm
#MyHealthcare #HealthPlatformforMyanmar

Page views: 254

Healthy Organization, provided by MyHealthcare

Featured on