သက်ရှည်ကျန်းမာစွာ နေချင်သူတွေ ပြုလုပ်သင့်တဲ့အရာများ

အသက်ရှည်ရှည်မနေချင်တဲ့ သူဆိုတာ ခပ်ရှားရှားပါ။ ရှေးယခင်က အင်္ဂလိပ်လူမျိုးတွေဟာ အသက်ရှည်ရှည်နေချင်ရင် သင့်ထက် အသက်ငယ်တဲ့သူတွေနဲ့ ပေါင်းပါ ဆိုတဲ့ အယူအဆရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်ရှည်ရှည်နေချင်သူတွေ လိုက်နာရမယ့် လျှို့ဝှက်နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

သီချင်းဆိုပါ

ဆွီဒင်မှာ ရှိတဲ့ သုသေသနပညာရှင်တွေရဲ့ လေ့လာချက်အရ သီချင်းဆိုတာဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ကလည်း သီချင်းဆိုခြင်းဟာ ပျော်ရွှင်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးတာ ကြောင့် ကျန်းမာပြီး အသက်ရှည်တယ်လို့ ဆိုပါတယ်။

အဆက်အသွယ် မပြတ်ပါစေနဲ့

အသက်အရွယ်တခုကို ရောက်လာတဲ့အခါမှာ ငယ်ငယ်က သူငယ်ချင်းတွေကို အပြင်မှာ တွေ့ရဖို့ ခက်လာပါပြီ။ ဒီလို အချိန်မျိုးမှာ အပေါင်းအသင်းမရှိတာဟာ သင့်ကို စိတ်ဓာတ်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သင့်ရဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင်နေပါ။

အိမ်ထောင်ရေး

သင့်ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်တဲ့ အိမ်ထောင်ရေးအဖြစ်ထိန်းသိမ်းခြင်းဟာလည်း အသက်ရှည်ဆေး တမျိုးပါပဲ။ တခုလပ်တွေဟာ အိမ်ထောင်ရှင်တွေထက် ပိုပြီး အသက်တိုတယ်လို့ သိရပါတယ်။ ဒါဟာအမျိုးသားတွေ အတွက် ဖြစ်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသားတွေဟာ ကွာရှင်းထားတဲ့ အမျိုးသားတွေထက် ပိုပြီး အသက်၁၀နှစ်နီးပါး ပိုရှည်တယ်လို့ သိရပါတယ်။

လမ်းလျှောက်ပါ

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်နိုင်ဘူးဆိုရင်တောင် လမ်းတော့ နေ့တိုင်းပုံမှန်လျှောက်ပါ။ လမ်းလျှောက်ခြင်းကြောင့် အဆီပိုတွေကို လောင်းကျွမ်းစေနိုင်တဲ့ အပြင် လမ်းလျှောက်ရင်း မိတ်ဆွေဖွဲ့ခြင်းကလည်း သင့်ကို ပျော်ရွှင်စေမှာ သေချာပါတယ်။

လမ်းလျှောက်ခြင်းကြောင့် ဆီးချိုဖြစ်မှုကို လျော့နည်းစေပြီး နေ့စဉ်လမ်းပုံမှန်လျှောက်တဲ့ သူဟာ လမ်းလျှောက်နည်းသူ တွေထက် အသက် ၈နှစ်ခန့် ပိုရှည်တယ်လို့ သိရပါတယ်။

ဆေးလိပ်ဖြတ်ပါ

အသက်ရှည်ချင်ရင် ဆေးလိပ်မသောက်ရဘူး ဆိုတာ သင်သိတာ မှန်ပါတယ်။ ဒါပေမယ့် ထပ်ပြီး သတိပေးချင်တာပါ။ေ ကမ္ဘာ့ရာဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (ဗဟို) ရဲ့ ထုတ်ပြန်ချက်အရ ဆေးလိပ်သောက်ခြင်းဟာ တားဆီးနိုင်တဲ့ အရာဖြစ်တာကြောင့် အခုဆိုရင် အမေရိကန်နိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ သေဆုံးမှုကို လျော့ချနိုင်စပြုလာပြီ လို့ ဆိုပါတယ်။

ချစ်ပါ

အချစ်ဟာ အရာအားလုံးရဲ့ ဖြစ်တည်ရာပါပဲ။ သင့်ရဲ့ အိမ်ထောင်ဖက်၊သားသမီး၊ အိမ်မွေးတိရစ္ဆာန်၊ အိမ်နီးချင်း လူတိုင်းကို ချစ်ပါ။ လောကကြီးကို အကောင်းမြင်တဲ့ မျက်လုံးနဲ့ ကြည့်တာဟာလည်း အသက်ရှည်ရှည်နေနိုင်မယ့် နည်းလမ်းကောင်း တခုဖြစ်ပါတယ်။ နေ့တိုင်း တစုံတယောက်ကို ပွေ့ဖက်ခြင်းကြောင့် ခန္ဓာကိုယ်ဟာ အောက်ဆီတိုစင်ကို ထုတ်ပေး နိုင်ပါတယ်။ အဲဒီဓာတ်ဟာ စိတ်ဖိစီးမှုဟော်မုန်းကို လျော့ချပေးပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 145

Healthy Organization, provided by MyHealthcare

Featured on