ဝိတ်လျှော့နေချိန်မှာ လုံးဝမစားသင့်တဲ့ အစားအသောက်များ

ဝိတ်ချတယ် ဝိတ်မကျဘူး..ဟူးးး
ဒါဆို သင်စားနေတဲ့အစားအသောက်တွေထဲမှားနေတာလား..?
ဝိတ်ချနေတဲ့ အချိန်မှာ အခုဖော်ပြပေးတဲ့ စားစရာတွေကို စားသောက်နေမယ်ဆိုရင် ဝိတ်ကျဖို့ဆိုတာမသေချာပါဘူး။
ဒါကြောင့် မိမိစားသောက်နေတဲ့ အစားအစာတွေကို သတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) သကြားပါဝင်သော အစားအသောက်များကိုရှောင်ပါ
ဝိတ်လျော့ချနေချိန် မစားသင့်သောအစားအစာကတော့ သကြားပါပဲ။ သကြားပါဝင်မှုများတဲ့ ဖျော်ရည် ၊ ကွတ်ကီး နဲ့ သကြားပါဝင်မှုများတာတွေကို မစားဖို့လို အပ်ပါတယ်။ သာမန် ဖျော်ရည်တစ်ခွက်မှာ သကြား ၈ဇွန်းပါဝင်ပြီး ကယ်လိုရီ ၇၀ ကျော်ပါဝင်ပါတယ်။ အဲဒီ ကယ်လိုရီကို ပြန်လည်လောင်ကျွမ်းဖို့ ဆိုရင် နာရီဝက်ခန့် လမ်းလျှောက်ဖို့ လိုအပ်ပါတယ်။

(၂) သိုလှောင်ထားသော အစားအသောက်များကိုရှောင်ပါ
သိုလှောင်ထားတဲ့ အစားအသောက်တွေမှာလည်း သကြားပါဝင်မှု များပါတယ်။ ဝိတ်လျှော့ချဖို့ အတွက် အသီးအရွက်သုပ် စားတယ်ဆိုပေမယ့် အသုပ်ထဲမှာပါဝင်တဲ့ ပစ္စည်းတွေမှာ ဆီနဲ့အချဉ်တွေ မများဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်အသုံးပြုတဲ့ ခရမ်းချည်သီး အချဉ်၊ BBQ အချဉ် တွေကို သတိထားပြီး စားသုံးသင့်ပါတယ်။ ဝက်အူချောင်း ၊ ကြက်အူချောင်း နဲ့ အစာသွပ်ဘူးများမှာ ထည့်ထားတဲ့ အသားတွေကိုလည်း လုံးဝမစားသင့်ပါဘူး။

(၃) ဆီကြော်မုန့်များကို ရှောင်ပါ
ဘယ်ဆီနဲ့ပဲ ကြော်ကြော် ဆီကြော်မုန့်များကို လုံးဝ မစားသင့်ပါဘူး။ ဆီကြော်မုန့်တွေ စားခြင်းဟာ ခါးတဝိုက်မှာ အဆီတွေကို ပိုမိုဖြစ်ပြီး ဝိတ်ချဖို့အတွက် ခက်ခဲပါတယ်။

(၄) ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေကိုရှောင်ပါ
ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေက လူကို ပိုပြီး ဝိတ်တက်စေပါတယ်။ ပေါင်မုန့်တွေကို နေ့စဉ်စားခြင်းဖြင့် ကိုယ်အလေးချိန်ကို ၇၀ရာခိုင်နှုန်း တက်ဖို့သေချာပါတယ်။

(၅) အရက်၊ဘီယာသောက်ခြင်းကို ရှောင်ပါ
ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူတွေဟာ အရက်၊ဘီယာ စတာတွေကို လုံးဝ မသောက်သင့်ပါဘူး။ ဘီယာကြောင့် ဗိုက်ပိုပူစေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဘီယာတစ်ခွက်မှာ ကယ်လိုရီ ၁၅၀ ကျော်အထိပါဝင်ပါတယ်။ ဝိတ်လျှော့ချနေချိန်မှာဆို ရှောင်ထားသင့်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

 

Page views: 1,250

Healthy Organization, provided by MyHealthcare

Featured on