ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အစားအသောက်များ

ပစ္စည်းတိုင်းဟာ ရေခဲသေတ္တာထဲကို ထည့်တာနဲ့ပဲ ကြာရှည်ခံမယ်လို့ တထစ်ချ ယုံကြည်လို့ မရပါဘူး။ အစားအသောက် တော်တော်များများအတွက်တော့ ကြာရှည်ခံတာ မှန်ပေမယ့် တချို့အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်ရင် ပျက်စီးသွားဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။

► အာလူး

အာလူးကို အေးမြပြီး မှောင်တဲ့နေရာတွေမှာ သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာကတော့ အေးလွန်းပါတယ်။ အဲဒီအအေးဓာတ်က အာလူးရဲ့ အတွင်းသားတွေကို ဖျက်စီးပြီး အရသာပျက်သွားစေပါတယ်။

► ကြက်သွန်နီ

ကြက်သွန်နီကို ရေခဲသေတ္တာထဲထည့်မယ်ဆိုရင်တော့ မှိုတက်ဖို့ သေချာနေပါပြီ။ ကြက်သွန်နီဟာ အခန်းအပူချိန် အတွင်းမှာ နေရောင်ခြည်တိုက်ရိုက် မထိတွေ့အောင် သိမ်းထားရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ကြက်သွန်နီ တလုံး ကို အခွံနွှာပြီး သုံးဖို့ မလိုအပ်သေးဘဲ ပိုနေတဲ့ တပိုင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ စိတ်ကူးမိကြမှာပါ။ ဒါပေမဲ့ မလိုအပ်ပါဘူး။ ကြက်သွန်ခြင်းထဲမှာ ထားခြင်းက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ကြက်သွန်ဖြူလည်း ထို့အတူပါပဲ။

► ဖရဲသီး

Melon အမျိုးအစားထဲမှာ ပါဝင်တဲ့ ဖရဲသီး၊ သခွားမွှေးသီး စတဲ့ အသီးတွေဟာ အခန်းအပူချိန်မှာပဲ ထားပြီး စားသင့်တဲ့ အသီးတွေဖြစ်ပါတယ်။ အေးအေးလေးစားချင်လို့ ရေခဲသေတ္တာထဲ ခဏထားတာက ဘာမှမဖြစ်ပေမယ့် နောက်နေ့တွေမှာ စားဖို့ ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင်တော့ ပုပ်ဆွေးဖို့ ပိုပြီး လွယ်သွားပါလိမ့်မယ်။

► ဘယ်ရီသီးများ

ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲ ထည့်မယ်ဆိုရင် မှိုတက်ဖို့ လွယ်ကူပါတယ်။ ဥပမာ စတော်ဘယ်ရီ တခြင်းကို ဝယ်လာပြီး ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ကိစ္စမရှိပေမယ့် ရေဆေးပြီးမှ ထည့်မယ်ဆိုရင် ပျော့ဖက်ပြီး တခဏအတွင်း ပျက်စီးဖိ့ုက သေချာနေပါတယ်။

အခွံမာသီးများ၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ပန်းသီး၊ အချဉ်ရည်များ(ဆော့စ်များ)၊ ကော်ဖီစေ့များနဲ့ ပေါင်မုန့် တွေကိုလည်း ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 218

Healthy Organization, provided by MyHealthcare

Featured on