မှတ်ဉာဏ် ကောင်းမွန်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်း ၅ မျိုး

မှတ်ဉာဏ် ကောင်းမွန်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်း ၅ မျိုး
-----------------------------------------------------------
တနေ့တာ လှုပ်ရှား ရုန်းကန်နေရမှုမှာ ခန္ဓာကိုယ်နဲ့ အတူ ဦးနှောက်ဟာဆိုရင်လည်း လိုက်လံ အလုပ်လုပ်နေရပါတယ်။ နေ့စဉ်နဲ့အမျှ ဦးနှောက်ကို အဓိကထားပြီး အလုပ်လုပ်နေရသူတွေမှာတော့ မကြာခဏ ဆိုသလို လုပ်လက်စ အလုပ်တွေကို မေ့လျော့တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေကို တိုးတက်စေပြီး ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ကြိုက်နှစ်သက်ရာ အားကစား တခုခု ပြုလုပ်ပါ

အိပ်ရာကနိုးနိုးချင်း မနက်ခင်းတွေမှာ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်ခန်း ပြုလုပ်တာ စတဲ့ အားကစားနည်း တမျိုးမျိုးကို ပြုလုပ်ပေးတာဟာ ခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ အကျိုးရှိစေပါတယ်။

(၂) Memory Recall ပြန်လုပ်ပါ

Memory Recall ပြုလုပ်တယ် ဆိုတာကတော့ ရှေ့ရက်တွေမှာ သင်လုပ်ခဲ့တဲ့ ကိစ္စတွေ (ဥပမာ- ထမင်းကို ဘယ်ဟင်းနဲ့ စားခဲ့တယ် ဆိုတာမျိုးနဲ့ တလအတွင်း သင်ဝယ်ယူခဲ့တဲ့ အသေးအမွှား ပစ္စည်း စာရင်းတွေ) ကို ပြန်လည်စဉ်းစားခိုင်းတာပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ သင်မထင်ထားလောက်အောင် မှတ်ဉာဏ် တိုးတက်စေနိုင်ပါတယ်။

(၃) သီချင်းနားထောင်ပါ

သီချင်းနားထောင်ခြင်းဟာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

(၄) ထမင်းစားတဲ့အခါ တူကို အသုံးပြုပေးပါ

ဒါကတော့ နည်းနည်းထူးဆန်းတဲ့ ကိစ္စဆိုပေမယ့် စိတ်ပညာရှင်တွေရဲ့အဆိုအရဆိုရင်တော့ တကယ်ကို ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ တူကိုအသုံးပြုပြီး ထမင်းစားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုမိုတိုးမြင့်စေတာကြောင့် မှတ်ဉာဏ်တွေ တိုးတက်ဖို့ကို အထောက်အကူ ဖြစ်စေပါတယ်။

(၅) စာဖတ်ပါ

တနေ့တာမှာ မိမိရဲ့အားလပ်ချိန်တွေထဲကနေ ဖဲ့ပြီး စာဖတ်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ စာဖတ်ခြင်းဟာ ဗဟုသုတနဲ့ စိတ်ခံစားမှုတွေကို တိုးတက် ကောင်းမွန်စေတဲ့အပြင် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 518

Healthy Organization, provided by MyHealthcare

Featured on