နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်ဖို့အတွက် လုပ်ဆောင်ရမည့်အရာများ

နေ့စဉ်ဘဝမှာ ကျန်းမာရေးကောင်းမှ လုပ်ချင်တာတွေကို စိတ်အေးချမ်းစွာ လုပ်လို့ ရပါလိမ့်မယ်။ လူတော်တော် များများက အပြေးလေ့ကျင့်ခန်းလုပ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီလို့ ထင်နေကြပါတယ်။ ဒါပေမယ့် ကျန်းမာချင်သူတွေအနေနဲ့ လိုက်နာရမယ့် အရာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် နေ့စဉ်ပြုလုပ်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

► ညစာ စောစော စားပါ

အိပ်ခါနီးမှ ညစာစားရင် ခန္ဓာကိုယ်က အစာချေစနစ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ပါဘူး။ ရုပ်လည်း ရင့်စေတဲ့အပြင် ကိုယ်အလေးချိန်လည်း တက်လွယ်ပါတယ်။ ဒါကြောင့် တနေကုန်လုံးမှာ နေ့လယ်စာကို ပိုစားသင့်ပါတယ်။ ညစာကိုတော့ ပေါ့ပေါ့ပါးပါးပဲ စားတာ ဒါမှမဟုတ် စောစောစားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

► စိတ်ဖိစီးမှုတွေကို သက်သာအောင် နေထိုင်ပါ

နေ့စဉ်နေထိုင်မှု ဘဝမှာ စိတ်ဖိစီးရတာ ပင်ပန်းရတာနဲ့ ဒေါသထွက်ရတာတွေ လူတိုင်းမှာ ရှိနေမှာပါပဲ။ ဒါကြောင့် အလုပ်လုပ်နေရင်း ခဏတဖြုတ် နားတာ၊ သဘာဝအလှကို ခံစားတာနဲ့ သင် အသက်ရှင်နေတဲ့ အတွက် လောကကို ကျေးဇူူးတင်ပါ။ တိတ်ဆိတ်တဲ့ နေရာမှာ နေပြီး သင့်အကြောင်းကို သင် ပြန်တွေးတာမျိုး၊ စာအုပ်ဖတ်တာမျိုးတွေ ပြုလုပ်ပါ။ ဘဝက တိုတောင်းလွန်းတာမို့ သင့်ကိုယ်သင် အချိန်ပေးဖို့ မမေ့ပါနဲ့။

► စောစော အိပ်ရာ ဝင်ပါ

ဖုန်းသုံးရင်း မနက်မိုးလင်းခါနီးမှ အိပ်တာမျိုးတွေကို ရှောင်ပါ။ ဒီလို နေ့စဉ်ပြုလုပ်နေရင် ကိုယ်ခံအားတွေ ကျဆင်းလာနိုင်ပါတယ်။ တတ်နိုင်ရင် ည ၁၀ နာရီခွဲလောက် အိပ်တာ အကောင်းဆုံးပါပဲ။ အိပ်ချိန် ၈ နာရီ အပြည့်အဝ ရအောင် အိပ်သင့်ပါတယ်။ ညစာ စောစောစားပြီး သင့်ဘဝအတွက် အရေးကြီးတဲ့ သူတွေနဲ့ စကားစမြည် ပြောတာမျိုးတွေ ပြုလုပ်ပြီး စောစော အိပ်ရာဝင်ပါ။

► ဟင်းသီးဟင်းရွက်တွေ ပိုပြီး စားပေးပါ

အိပ်ရာစောစောဝင်ပြီး မနက်ထတဲ့ အခါ သင်ဆာလောင်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာ အာဟာရ ပြည့်ဝတာတွေ စားသောက်ဖို့ လိုအပ်ပါတယ်။ အစေ့များ၊ အပင်ပေါက်များ၊ သစ်ဥသစ်ဖုများနဲ့ အသီးအနှံစတာတွေကို စားသင့်ပါတယ်။ ဖြစ်နိုင်ရင် အဲဒါတွေအားလုံးကို ရောပြွန်းပြီး စားသောက်သင့်ပါတယ်။

► အနားယူပါ

အလုပ်ရောက်တဲ့ အခါ အချိန်ပြည့် ကွန်ပျူတာကို ကြည့်တာမျိုးတွေ ရှောင်ပါ။ မျက်စိကို ခေတ္တအနားပေးတာမျိုးနဲ့ ပတ်ဝန်းကျင်ကို ကြည့်တာမျိုးတွေ ပြုလုပ်ပေးပါ။ မျက်လုံးကို နှိပ်နယ်ပါ။ အိမ်ပြန်ရောက်တဲ့ အခါမှာ အကြောလျော့တဲ့ လေ့ကျင့်ခန်းကိုလည်း ပြလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

#MyHealthcare #HealthPlatformforMyanmar

Page views: 157

Healthy Organization, provided by MyHealthcare

Featured on