တွဲဖက် စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်သော အစားအစာများ

တွဲဖက် စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်သော အစားအစာများ
-------------------------------------------------------

တွဲဖက် စားသုံးတဲ့အခါ တည့်ပါ့မလားဆိုတဲ့ အတွေးမျိုးနဲ့ စိုးရိမ်ပူပန်ပြီး တချို့ အစားအစာတွေကို တွဲဖက် စားသုံးဖို့ ရှောင်ကြဉ်တတ်ကြပေမယ့် အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ တွဲဖက် စားသုံးခြင်းအားဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

(၁) ထောပတ်သီးနဲ့ ဟင်းနုနွယ်

ထောပတ်သီးနဲ့ ဟင်းနုနွယ်ရွက်တို့ကို တွဲဖက်စားသုံးပေးခြင်းဟာ အသက်အရွယ်အရ အမြင်အာရုံ လျော့နည်းလာခြင်းနဲ့ ကြွက်သားတင်းရင်းမှု လျော့နည်းလာခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်စိ ကျန်းမာရေးအတွက် တွဲဖက်စားသုံးပေးသင့်တဲ့ အစားအစာတွေလို့ အာဟာရပညာရှင်တွေက သတ်မှတ်ထားကြပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

(၂) စတော်ဘယ်ရီနဲ့ ကိုက်လန်

ကိုက်လန်မှာပါဝင်တဲ့ သံံဓာတ်ဟာ စတော်ဘယ်ရီမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်တာကြောင့် တွဲဖက်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်ရော ဗီတမင်စီ ဓာတ်ကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။

(၃) အသီးအရွက်နဲ့ ကြက်ဥ

ကြက်ဥမှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ အသီးအရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို မြှင့်တင်ပေးနိုင်တာကြောင့် ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီနဲ့ ဟင်းနုနွယ် စတဲ့ အသီးအရွက်တွေကို ကြက်ဥပြုတ်နဲ့ တွဲဖက် စားသုံးပေးနိုင်ပါတယ်။

(၄) ပဲအမျိုးမျိုးနဲ့ ငရုတ်သီး

ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေကို ငရုတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်တွင်း သံဓာတ်စုပ်ယူမှုကို မြင့်တက်စေနိုင်ပါတယ်။ ဒီလို တွဲဖက်စားသုံးခြင်းဟာ အာရုံကြောစနစ်ကို ကောင်းမွန်စေနိုင်ပြီး သံဓာတ်ချို့တဲ့ခြင်းကြောင့် မောပန်းနွမ်းနယ်လွယ်ခြင်းတို့ကိုလည်း သက်သာစေနိုင်ပါတယ်။

(၅) ကြက်သွန်နီနဲ့ စပျစ်သီး

ဒီအစားအစာ နှစ်မျိုးလုံးဟာ Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် ဓာတ်မတည့်မှုဖြစ်ခြင်း၊ အဝလွန်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 226

Healthy Organization, provided by MyHealthcare

Featured on