ဆီးချိုသမားများအတွက် ကျန်းမာရေး အစားအစာများ

ဆီးချိုရောဂါရှိပြီဆိုတာနဲ့ တစ်ပြိုင်နက် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ အမြင်အာရုံပျက်စီးတာလိုမျိုး နောက်ဆက်တွဲဆိုးကျိုး တွေမဖြစ်ဖို့ အစားရှောင်ရပါတော့မယ်။ ဆီးချိုရောဂါရှင်တွေအနေနဲ့ဘာအစားအ စာတွေက စားသုံးနိုင်တယ်ဆိုတာကို သိရှိထားဖို့တော့ လိုအပ်တဲ့အတွက် စားသုံးသင့် တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

► ထောပတ်သီး
ထောပတ်သီးမှာ မပြည့်ဝဆီတွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ သူက နှလုံးရော ဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ကူညီပေးပါ တယ်။ သူက ကိုလက်စထရောအဆင့်ကိုလည်း ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပါတယ်။

► ငါး
ငါးမှာ ပရိုတင်းဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ငါးခူ၊ ငါးကြင်းနဲ့ တီလားဗီးယား ငါးတွေလိုမျိုးကို ဟင်းသီးဟင်းရွက်နဲ့ တွဲဖက်ပြီး စားသုံးပါက သွေးတွင်းသကြားဓာတ် မြင့်တက်မှုမရှိအောင် ထိန်းချုပ်ပေးပါတယ်။ ဆယ်လ်မွန်ငါးမှာ များစွာပါဝင်တဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေက သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ်။

► ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ပန်းဂေါ်ဖီစိမ်း
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ အစိမ်းရောင်ပန်းဂေါ်ဖီလိုမျိုး ဟင်းရွက်တွေဟာ Cruciferous အမျိုးအစားဖြစ်ပါတယ်။ သူတို့မှာ ဂလူကိုဆီနိုလိတ်စ်တွေ များစွာ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လည်း လျှော့ချပေးနိုင်ပါတယ်။

► ပန်းသီး
ပန်းသီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ သွေးတွင်းမကောင်းတဲ့ ကို လက်စထရောအဆင့်တွေကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့အမျှင်ဓာတ်တွေက ကိုလက်စထရောကျဆင်းစေနိုင် တဲ့အပြင် ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကိုလည်း ကူညီပေးပါတယ်။

► ဘယ်ရီသီး
ဘလူးဘယ်ရီမှာပါဝင်တဲ့ ဖလေဗိုနွိုက်ဒြပ်ပေါင်းတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ကင်ဆာဆဲလ်ကြီးထွားမှုကို တားမြစ်ပေးပြီး ရောင်ရမ်းမှုကို လည်း လျှော့ချပေးပါတယ်။

► ပဲအမျိုးမျိုး
ပဲတွေမှာ အဆီဓာတ်လုံးဝမပါဝင်ပါဘူး။ သူ့မှာ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းတွေပါဝင်တာကြောင့် အချိန်အကြာကြီးဗိုက်ပြည့်တင်းမှုရရှိစေနိုင်တဲ့အ တွက် သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားမြင့်တက်မှုကို ထိန်းချုပ်ပေးပါတယ်။

► ကိုက်လန်
ကိုက်လန်ကို စားသုံးပေးတာက အမျိုးအစား(၂) ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

► ဒိန်ချဉ်
အထူးသဖြင့် အဆီမပါဝင်တဲ့ဒိန်ချဉ်တွေမှာ သွေးတွင်းသကြားဓာတ်ရုတ်တရက် မမြင့်တက်အောင် ကာကွယ်ပေးပါတယ်။ ကယ်လ်စီယမ်များစွာ ပါဝင်တဲ့ အစားအစာ ဖြစ်တဲ့အတွက် အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

► မုန်လာဥနီ
သူ့မှာ ဗီတာမင် အေတွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် အေ က အမြင်အာရုံ ကောင်းစေပြီး ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးကာ တချို့ကင်ဆာရောဂါမဖြစ် အောင်လည်း ကူညီပေးနိုင်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 5,231

Healthy Organization, provided by MyHealthcare

Featured on