ငါးကြီးဆီ အကြောင်းသိကောင်းစရာ

ကျန်းမာဖို့က အေထာက်အကူပြုစသော အစားအစာများ ဆေးဝါးများမီဝဲ စားသုံးပေးလို့ရပါတယ် ဒါကသေချာပါတယ်။

ပြောချင်တာ ကတော့ အကျိုးများလှတဲ့ ငါးကြီးဆီအကြောင်းလေးပါ ငါးကြီးဆီ ကို လူတိုင်း စားဖူးကျပါတယ်။

ဒါပေမယ့် ငါးကြီးဆီရဲ့ဆေးဖက်ဝင်ပုံ ကို သိသူနည်းလှတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

(၁) ငါးကြီးဆီ နှင့် စိတ်ဖီးမှု

ငါးကြီးဆီ ဟာ၃မျိုးရှိပါတယ် DHA,ALA and EPAပါ. အဲထဲက EPA ဟာ စိတ်ဓာတ်ကျတာ စိတ်ဖိစီးတာတွေအတွက် ထိရောက်စွာ လျော့ချပေးပါတယ်။

(၂) မျက်စိအတွက်ဆေးတပါး

ငါးကြီးဆီထဲပါတဲ့ DHAဟာ အသက်ကြီးလို့ မြင်လွှာပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

(၃) မေမေတို့အတွက် အားထားရာ

ငါးကြီးဆီကို ကိုယ်ဝန်ဆောင်စဉ်သောက်ပေးခြင်းဖြင့် ကလေးရဲ့ဦးနှောက်စွမ်းရည်ကိုမြင့်မားလာစေနိုင်ပါတယ်။

မွေးရာပါရောဂါတချို့နဲ့ ရောဂါကြီးကြီးမားမားမဖြစ်အောင်လည်း ထိုက်သင့်သလောက်ကာကွယ်ပေးပါတယ်။

(၄) အရိုးကျန်းမာရေး

အရိုးတွေ သန်မာစေဖို့ အဆစ်တွေ အားကောင်းလာစေနိုင်ပါတယ်။

(၅) အသည်းကိုကောင်းမွန်စေတယ်

အသည်း အဆီဖုံးခြင်းကို လည်း ကာကွယ်ပေးနိုင်ပြန်ပါတယ်။

(၆) နှလုံးကျန်းမာရေး အတွက် ကောင်းကျိုး

ငါးကြီးဆီဟာ နှလုံးရောဂါတွေ ရဲ့ ဆိုးကျိုးတွေကို လျော့ချဖို့ အသုံးဝင်ပြန်ပါတယ်။

(၇) အဝလွန် ရောဂါ

ဝတာက ရောဂါတွေရဲ့ အစပါ ရောဂါတွေရဲ့ ဖန်ဆင်းရှင်းက အဝလွန်တာပါ ငါးကြီးဆီကို သောက်သုံးခြင်းဖြင့် သွေးတွင်း

အင်ဆူလင်ကို ခုခံစေတဲ့ မကောင်းတဲ့ ဓါတ်တွေလျော့ချပေးသလို ရောင်ရမ်းခြင်းအတွက် လည်း တအားသက်သာစေပါတယ်။

(၈) ငါးကြီးဆီနဲ့ ရာသီလာစဉ်နာကြင်မှု

အမျိုးသမီးတိုင်းဖြစ်လေ့ရှိတဲ့ ရာသီလာစဉ်နာကျင်မှု ကို အကိုက်အခဲပျောက်ဆေးထပ်တောင် တချို့သူတွေမှာ သက်သာစေပါတယ်။

(၉) အသားအရေ အတွက်အကျိုး

ငါးကြီးဆီဟာ အရေပြာ အတွင်း အဆီထုတ်လုပ်မှုကိုညီညွတ်စေပါတယ် ဝက်ခြံပေါက်တာ ကိုလည်း သက်သာစေပါတယ်

အသားမခြောက်အောင်လည်း ကာကွယ်ပေးပါတယ် အလှအပအတွက်လည်း ဆေးတော်ကြီးပါပဲ

ဒါတွေကတော့ ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်တဲ့ အကျိုးများလှတဲ့ ငါးကြီးဆီ ရဲ့ အာနိသင်ပင်ဖြစ်ပါတော့တယ်

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm
 

Page views: 1,059

Healthy Organization, provided by MyHealthcare

Featured on