ခရီးသွားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ

ခရီးသွားခြင်းဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ် ဆိုတဲ့အချက်ကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။ အခုဖော်ပြပေးမယ့် အချက်အလက်တွေကတော့ ခရီးသွားခြင်းကြောင့် ရလာတဲ့ ကျန်းမာရေးအခြေအနေတွေကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေ ပါပဲ။

(၁) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း

ခရီးတွေ တနေရာပြီး တနေရာသွားခြင်းက ပတ်ဝန်းကျင်အသစ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ ဘက်တီးရီးယား ထောင်ပေါင်းများစွာနဲ့ တွေ့ရမှာတော့ အမှန်ပါပဲ။ ဘက်တီးရီးယားတွေဟာ သေးငယ်လွန်းတဲ့အတွက် မျက်စိနဲ့ မမြင်နိုင်ပေမယ့် ခန္ဓာကိုယ်ကတော့ ဒီဘက်တီးရီးယားတွေကို အလိုက်သင့် တုန့်ပြန်နေပါလိမ့်မယ်။

ခရီးတွေ သွားဖန်များလာတဲ့အခါမှာတော့ ခန္ဓာကိုယ်က ဘက်တီးရီးယားတွေရဲ့ တိုက်ခိုက်မှုတွေကို ကောင်းကောင်း ရင်ဆိုင်လာနိုင်စွမ်းရှိသလို ကိုယ်ခံအားစနစ်ကလည်း ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။ ဒီအချက်ကတော့ သိပ္ပံနည်းလမ်းတကျ တွေ့ရှိထားတဲ့ အချက်တခုပါပဲ။

(၂) စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

ဒီနေ့ခေတ် ကမ္ဘာကြီးမှာ လူတွေဟာ စိတ်ဖိစီးမှုမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းတခုကတော့ ခရီးထွက်တာပါပဲ။ သိပ္ပံနည်းလမ်းတကျ ရှာဖွေတွေ့ ရှိထားတဲ့ အချက်အလက်တွေအရကတော့ ခရီးသွားခြင်းဟာ ပျော်ရွှင်မှုကို ပိုမိုတိုးတက် လာစေပြီး စိတ်ဖိစီးမှုကိုတော့ အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

(၃) ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်း

ခရီးသွားခြင်းဟာ စိတ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားလို့ရတဲ့ အချိန်ပါ။ မိတ်ဆွေသစ်တွေနဲ့ ဆုံရမှာဖြစ်သလို ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့လည်း လိုက်လျောညီထွေ နေတတ်လာပါလိမ့် မယ်။ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့လည်း ပိုမိုနီးစပ်လာပါလိမ့်မယ်။

တကယ်တော့ ဒီအချက်တွေဟာ ကောင်းမွန်တဲ့အချက်အလက်တွေပါ။ ဘာကြောင့်ကောင်းမွန်ရသလဲ ဆိုတော့ ဒီအချက်တွေအားလုံး ကျန်းမာရေးကို အထောက်အကူဖြစ်နိုင်သလို အတွေ့အကြုံ အသစ်တွေကလည်း ခံနိုင်ရည်အားကို ပိုပြီးမြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

လေ့လာတွေ့ရှိထားတဲ့ အချက်တွေအရဆိုရင် ခရီးသွားခြင်းဟာ ဖန်တီးလိုစိတ်ကို တိုးတက်စေသလို ဗဟုသုတ၊ ယဉ်ကျေးမှု အကြောင်းတွေကိုလည်း ကောင်းကောင်းနားလည်စေပါလိမ့်မယ်။ ခရီးထွက်ခြင်းက ဦးနှောက်လေ့ ကျင့်ခန်းဖြစ်စေရုံသာမက စိတ်လေ့ကျင့်ခန်း တခုဆိုလည်း မမှားပါဘူး။

(၄) အသက်ရှည်စေခြင်း

ဒီအချက်ကလည်း အမှန်ပါပဲ။ ခရီးများများသွားသူတွေဟာ အသက်ရှည်ရှည်နေရလေ့ရှိတယ်လို့ သိပ္ပံနည်းလမ်းတကျ ရှာဖွေတွေ့ ရှိထားပါတယ်။ ကိုယ့်ဒေသအတွင်းမှာပဲ ခရီးသွားသွား ၊ တခြား နိုင်ငံတွေဆီကိုပဲခရီးသွားသွား ခရီးသွားခြင်းက လူသက်တမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

သုတေသနပြုလုပ်ထားချက်တွေအရဆိုရင်တော့ ခရီးသွားခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးတဲ့အတွက် ခရီးသွားလေ့ရှိသူတွေဟာ အသက်ရှည်ရှည်နေရလေ့ ရှိတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ နောက် အရေးကြီးတဲ့အချက်ကတော့ စိတ်ပျော်ရွှင်မှုကို ရစေနိုင်တာနဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အချက်ပါ။

အခုဖော်ပြပေးခဲ့တဲ့ အချက်အလက်တွေကတော့ ခရီးသွားခြင်းကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကို သိပ္ပံနည်းလမ်းတကျ လေ့လာတွေရှိထားတဲ့ အချက်တွေပါ။ ဒါကြောင့် အသက်ရှည်ရှည်နေရဖို့ဆို ခရီးများများသွားဖို့ လိုပါလိမ့်မယ်။

MyHealthcare app ကိုဒေါင်းလုပ်ထားပြီးကျန်းမာရေးပြဿနာများကို အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 1,661

Healthy Organization, provided by MyHealthcare

Featured on