ကျန်းမာရေးအခြေအနေကို ကိုယ်တိုင် စစ်ဆေးကြည့်နိုင်တဲ့ နည်းလမ်းများ

ကျန်းမာရေးအခြေအနေကို ကိုယ်တိုင် စစ်ဆေးကြည့်နိုင်တဲ့ နည်းလမ်းများ
-----------------------------------------------------------

တချို့သောသူတွေဟာ ဆေးရုံ၊ဆေးခန်းတွေမှာ ကျန်းမာရေးစစ်ဆေးဖို့အတွက် အချိန်မပေးနိုင်တာကြောင့်ရော ကိုယ်တိုင်ကိုက ဆေးရုံ၊ဆေးခန်းဆို မသွားချင်တာကြောင့် ကျန်းမာရေးအခြေအနေကို မစစ်ဆေးတတ်ကြပါဘူး။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ကျန်းမာရေးအခြေအနေကို ကိုယ်တိုင် စစ်ဆေးကြည့်နိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

(၁) အကြားအာရုံစစ်ဆေးမယ်

သင့်အနီးအနားကလူတွေရဲ့ စကားပြောသံကို ၁၆ပေ ဒါမှမဟုတ် ၁၉ ပေအကွာလောက်ကနေ ကြိုးစားပြီး နားထောင်ကြည့်လို့ သဲသဲကွဲကွဲမကြားရဘူးဆိုရင်တော့ သင့်ရဲ့အကြားအာရုံစနစ်အတွက် ဆရာဝန်ဆီသွားသင့်နေပါပြီ။

(၂) အရိုးကျန်းမာရေးကို စစ်ဆေးမယ်

သင့်လက်သည်းတွေကို သေချာစွာအနီးကပ်ကြည့်ရှုပြီး လက်သည်းတွေဟာ ကျိုးပဲ့နေမယ်၊ ပန်းရောင်သမ်းမနေဘဲ ဝါညစ်ညစ်ဖြစ်နေမယ်၊ အဖြူရောင်အစက်အပြောက်လေးတွေ ဖြစ်ပေါ်နေမယ်ဆိုရင်တော့ ဒါဟာ ဗီတာမင်ဘီ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့နေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

(၃) သွေးအားနည်းခြင်း ရှိ၊မရှိ စစ်ဆေးမယ်

သင့်ရဲ့အောက်မျက်ခမ်းအတွင်းဘက်ကို မှန်ထဲမှာ ကြည့်ရှုပြီး အနီရောင်သမ်းနေမယ်ဆိုရင်တော့ သွေးအားကောင်းတဲ့ လက္ခဏာဖြစ်ပြီး ပန်းရောင်ဖျော့ဖျော့ သမ်းနေမယ်ဆိုရင်တော့ သွေးအားနည်းနေကြောင်းကို သိနိုင်မှာဖြစ်ပါတယ်။

(၄) ဟော်မုန်းပမာဏ ညီမျှမှု ရှိ၊မရှိစစ်ဆေးမယ်

သင့်လက်ချောင်းတွေကို ဆံပင်တွေထဲ ထည့်ပြီး ခပ်ဖွဖွ ဆွဲချကြည့်လို့ ဆံပင်အနည်းငယ်သာ ကျွတ်မယ်ဆိုရင်တော့ ဟော်မုန်းပမာဏ ညီမျှနေတာဖြစ်ပြီး ဆံပင်တွေအများအပြား ကျွတ်ပါလာမယ်ဆိုရင်တော့ ဟော်မုန်းမညီမျှမှုပြဿနာဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

(၅) နှလုံးသွေးကြောရောဂါ ရှိ၊မရှိ စစ်ဆေးမယ်

လှေကားထစ် အထစ် ၂၀ လောက်ခန့်ကို တက်ကြည့်လိုက်လို့ သာမန်ထက်ပိုပြီး မောဟိုက်နေမယ်ဆိုရင်တော့ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတခုခုရှိနေနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အနည်းငယ်သာမောပြီး စကားပြောနေနိုင်သေးတယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 166

Healthy Organization, provided by MyHealthcare

Featured on