HealthPlatformforMyanmar

သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာ (၅) မျိုး

သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာ (၅) မျိုး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သားအိမ်ဟာ အမျိုးသမီးခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါတယ်။ သားအိမ်ဟာ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့ရဲ့ အဓိကနေရာကနေပါဝင်တဲ့အတွက် သူ ကျန်းမာရေးကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ သားအိမ်ကျန်းမာ စေဖို့အတွက် စားသုံးသင့်တဲ့ ထိပ်တန်းအစားအစာတွေပါ။

► အမျှင်ဓာတ်ပါဝင်မှုများသော အစားအစာများ

နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်ဖို့အတွက် လုပ်ဆောင်ရမည့်အရာများ

နေ့စဉ်ဘဝမှာ ကျန်းမာရေးကောင်းမှ လုပ်ချင်တာတွေကို စိတ်အေးချမ်းစွာ လုပ်လို့ ရပါလိမ့်မယ်။ လူတော်တော် များများက အပြေးလေ့ကျင့်ခန်းလုပ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီလို့ ထင်နေကြပါတယ်။ ဒါပေမယ့် ကျန်းမာချင်သူတွေအနေနဲ့ လိုက်နာရမယ့် အရာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် နေ့စဉ်ပြုလုပ်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

► ညစာ စောစော စားပါ

၂၄နာရီ အတွင်းသေဆုံးနိုင်တဲ့ ရောဂါများ

၂၄နာရီ အတွင်းသေဆုံးနိုင်တဲ့ ရောဂါများ
~~~~~~~~~~~~~~~~~~~~~~~~~~~~

လူကို သေစေနိုင်တဲ့ ရောဂါပေါင်းများစွာ ရှိပေမယ့် တချို့သော ရောဂါတွေဟာ နာတာရှည် ရောဂါတွေ ဖြစ်တာကြောင့် ချက်ချင်းဆိုသလို အသက်ဆုံးရှုံးတာမျိုး မဖြစ်နိုင်ပါဘူး။ အခုဖော်ပြပေးမယ့် ရောဂါအမျိုးအစားတွေကတော့ ၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါတွေ ဖြစ်တာကြောင့် သတိပြုဆင်ခြင်နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

► လေဖြတ်ခြင်း

သွေးပေါင်ကျတတ်သူတွေ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်

သွေးပေါင်ကျတတ်သူတွေ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သွေးပေါင်ကျခြင်းဟာ သွေးတိုးခြင်းလိုပဲ ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ဖြစ်ပြီး ၉၀/၆၀ အောက် ရောက်သွားရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။

သွေးပေါင်ကျခြင်းဟာ မွေးရာပါ သွေးအားနည်းခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ ဟော်မုန်း မညီမျှတဲ့ အခါမျိုးမှာ ဖြစ်ပေါ်တတ်ပြီး ရေရှည်စွဲမြဲသောက်သုံးတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မကြာခဏ သွေးပေါင်ကျတတ်သူတွေ သတိထားပြီး လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Gout(ဂေါက်)ရောဂါအကြောင်းနှင့်ရှောင်ရန်အစားအစာများ

“ဂေါက်” ဆိုတာ အဆစ်မှာ နာ-ရောင်-နီ-ပူ ဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာ အများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။
အနောက်နိုင်ငံတွေမျာ လူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလဲ ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ် နေတတ်တယ်။ 
မျိုးရိုးကနေ ၆ဝ% မှာ သက်ရောက် စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့ အစားအသောက်ကလဲ ၁၂% ဖြစ်စေဘို့ အားပေးတယ်။ 

ဆံပင်ကျွတ်စေသော အကြောင်း ၅ ချက်

လူအများစုက တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ အထိ ပုံမှန်ကျွတ်တက်ပါတယ်။ များသောအားဖြင့် ပုံမှန် ဆံပင်ကျွတ်တာကတော့ ခေါင်းဖြီးတဲ့ အခါ ဘီးမှာ ဆံပင်တွေပါလာတာနဲ့ အင်္ကျီပေါ်မှာ ဆံပင်တွေ ကပ်တင်နေတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်မဟုတ် တဲ့ ဆံပင်ကျွတ်တာကတော့ သင်သတိ ထားမိလောက်အောင် ဆံပင်တွေ အ ထွေးလိုက် ကျွတ်တာမျိုးပါ။ ဒါမှမဟုတ် တဖြည်းဖြည်းနဲ့ ဆံပင်တွေ သိသိသာသာ ပါးလာတတ်ပါတယ်။ ရုတ်တရက် သိသိသာသာ ဆံပင်ကျွတ်တယ်ဆိုရင် တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါ တယ်။

► သိုင်းရွိုက်ပြဿနာများ

ဆီးချိုသမားများအတွက် ကျန်းမာရေး အစားအစာများ

ဆီးချိုရောဂါရှိပြီဆိုတာနဲ့ တစ်ပြိုင်နက် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ အမြင်အာရုံပျက်စီးတာလိုမျိုး နောက်ဆက်တွဲဆိုးကျိုး တွေမဖြစ်ဖို့ အစားရှောင်ရပါတော့မယ်။ ဆီးချိုရောဂါရှင်တွေအနေနဲ့ဘာအစားအ စာတွေက စားသုံးနိုင်တယ်ဆိုတာကို သိရှိထားဖို့တော့ လိုအပ်တဲ့အတွက် စားသုံးသင့် တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

► ထောပတ်သီး
ထောပတ်သီးမှာ မပြည့်ဝဆီတွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ သူက နှလုံးရော ဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ကူညီပေးပါ တယ်။ သူက ကိုလက်စထရောအဆင့်ကိုလည်း ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပါတယ်။

အချိန်သက်တန်းအရ အလှကုန်ပစ္စည်းတွေကို ဘယ်လောက်ကြာအောင်သုံးစွဲသင့်လဲ..?

မိန်းကလေးတိုင်းရဲ့ နေ့စဉ်ဘဝမှာ မပါမဖြစ် အသုံးပြုနေကြတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်လိုအချိန်မှာ အသုံးမပြုသင့် တော့ဘူးလဲဆိုတာဟာ အရေးကြီးအချက်တချက်ပါ။ ဝယ်ထားပြီး အသုံးမပြုဖြစ်တဲ့ အလှကုန်ပစ္စည်းတွေလည်း ရှိနိုင်သလို တခါတရံမှသာ အသုံးပြုလေ့ရှိတဲ့ အလှကုန်ပစ္စည်းတွေလည်း ရှိတတ်ပါတယ်။

ဒီလိုအလှကုန်ပစ္စည်းတွေ အသုံးမပြုသင့်တော့တဲ့ အချိန်မှာ နှမြောပြီး အသုံးပြုမိမယ်ဆိုရင် အသားအရေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်တာကြောင့် အလှအပချစ်သူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

► Mascara

ရာသီဥတုအပြောင်းအလဲကာလတွေမှာ ကျန်းမာရေးဂရုစိုက်ပါ

ရာသီဥတုအပြောင်းအလဲကာလတွေမှာ ကျန်းမာရေးဂရုစိုက်ပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာသီဥတု အပြောင်းအလဲက လူတွေရဲ့ ကျန်းမာရေးကိုပါ အပြောင်းအလဲ ဖြစ်စေပါတယ်။ အချို့လူတွေဆို ရာသီဥတုလေး အေးလာတာနဲ့ အရိုးတွေတောင် တဆစ်ဆစ် ကိုက်လာတယ်လို့ ပြောတတ်ကြပါတယ်။ ရာသီဥတု အပြောင်းအလဲမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေထဲကနေ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ဒီပြဿနာတွေကို ဘယ်လို ကျော်လွှားနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

► လေ့ကျင့်ခန်း လုပ်ပါ

သင့် အသည်းကို ပျက်စီးစေတဲ့ အရာတွေက

Hepatic Health

သင့် အသည်းကို ပျက်စီးစေတဲ့ အရာတွေက
~~~~~~~~~~~~~~~~~~~~~~~~~~
အသည်းဟာ ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်းတခုဖြစ်ပြီး အရေးကြီးတဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ အရာတွေက အသည်းကို ပျက်စီးစေတာတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အသည်းကို ပျက်စီးစေတဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

► အဝလွန်ခြင်း

အဝလွန်ခြင်းဟာ အသည်းရောဂါကို ဖြစ်စေပါတယ်။ NAFLD လို့ ခေါ်တဲ့ အရက်မသောက်ဘဲ အဝလွန်သူတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အသည်းရောဂါ ဖြစ်ပွားလေ့ရှိပါတယ်။ အဝလွန်သူတွေဟာ အရက်မသောက်ပေမယ့်လည်း အရက်သောက်သူတွေနဲ့ တူညီတဲ့ အသည်း ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

Featured on