Gout(ဂေါက်)ရောဂါအကြောင်းနှင့်ရှောင်ရန်အစားအစာများ

“ဂေါက်” ဆိုတာ အဆစ်မှာ နာ-ရောင်-နီ-ပူ ဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည် ရောဂါတခုပါ။ ခြေမမှာ အများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာဘဲ။
အနောက်နိုင်ငံတွေမျာ လူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလဲ ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ် နေတတ်တယ်။ 
မျိုးရိုးကနေ ၆ဝ% မှာ သက်ရောက် စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့ အစားအသောက်ကလဲ ၁၂% ဖြစ်စေဘို့ အားပေးတယ်။ 
ဂေါက်ကို Rich Man’s Disease “လူချမ်းသာ-ရောဂါ” လို့ပါ ပြောတယ်။ ရောဂါရစေနိုင်တဲ့ အစားတွေဟာ ဈေးကြီးလို့ပါ။ 
အသား၊ ပင်လယ်စာ၊ ငါး၊ နဲ့ အသဲ၊ ကျောက်ကပ်၊ ဦးနှောက်၊ ကလီစာတွေ ဖြစ်တယ်။ အရက်၊ Fructose အချိုရည်သောက်တာ ဒီရောဂါအတွက် မကောင်းပါ။

Gout ရောဂါရဲ့ အကြောင်းတရားခံက သွေးထဲမှာ (ယူရစ်-အက်စစ်) တွေ များနေလို့ ဖြစ်ရတာပါ။ Uric acid ဆိုတာ အစားထဲမှာ ပါတဲ့ Purines ကနေဖြစ်တယ်။ လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကိုကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။
တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲရှိနေနိုင်တယ်။ ဂေါက်ကိုမခံစားရသေးဘူး။ 
ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်ကအဖြစ် အများဆုံး ဖြစ်တယ်။ Podagraလို့ ခေါ်တယ်။တခြားအဆစ်တွေကခြေခြင်းဝတ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ချောင်းဆစ်။
နေရာတကာမှာ ဖြစ်နိုင်ပေမဲ့ အဆစ်မှာလာဖြစ်ရင် Arthritis (Gout) ခေါ်တော့တယ်။ နာတာရှည် ရောဂါမျိုးဖြစ်တယ်။ တိုးတိုးဆိုးဆိုးလာတတ်တယ်။အဆစ်ကအရင်လိုအလုပ် မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်ကလဲအလုပ် နည်းလာနိုင်တယ်။ ကျောက်လဲတည်လာနိုင်သေးတယ်။Purine metabolism ချက်လုပ်တဲ့ ဖြစ်စဉ် ပျက်ယွင်းလို့ ဖြစ်တာပါ။ အဲဒီကနေ လာတဲ့ Crystal အမှုံတွေက အဆစ်တွေ၊ အရွတ်တွေမှာ လာစုပုံနေကြတယ်။

Gout (ဂေါက် ရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ??

gout ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

ဥပမာအားဖြင့်
► အဝလွန်ခြင်း
► ကိုယ်အလေးချိန် အလွန်တိုးပွားခြင်း
► အရက် အလွန်အကျွန်သောက်ခြင်း
► သွေးတိုးခြင်း
► ကျောက်ကပ် မကောင်းခြင်း
► Water pills ကဲ့ သို့သော ဆေးဝါးများ
► ကျန်းမာရေး ရာဇဝင်ရှိခြင်း
► ရေဓာတ်ခမ်းခြောက်ခြင်း
► ခွဲစိပ်မှု နောက်ဆက်တွဲ သို့ ထိခိုက်မိခြင်း

ကုတဲ့အခါ ဆေးသောက်တာနဲ့ အစားရွေးစားတာ ၂ မျိုးလုပ်ရတယ်။

ဂေါက်ကို အဓိက ကုသတဲ့ ဆေးဝါးများမှာ- 

▬ Non-steroid anti-infammatory drugs (NSAID) ဆိုတဲ့ steroid မပါတဲ့ အရောင်ကျဆေးများကို အသုံးပြုခြင်းဖြင့် ရုတ်တရက်ဖြစ်ပေါ်တဲ့ ဂေါက် နာကျင်မှု၊ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။
▬ Royal Jelly ကိုသောက်သုံးခြင်းဖြင့် ရောင်ရမ်း ခြင်း နှင့် အဆစ်အမြစ် ကိုက်ခဲ ခြင်းကို သက်သာ စေနိုင်ပါသည်။
▬ Steroid တွေကိုတော့ NSAID တွေ အစား တခါတရံ အသုံးပြုနိုင်ပါတယ်။
▬ Colchicine က နောက်တစ်ကြိမ်ပြန်မဖြစ်နိူင်အောင် ကာကွယ်ပေးပါတယ်။
▬ သွေးထဲမှ uric acid ပမာဏကို ထိန်းညှိပေးတဲ့ ဆေးတွေဖြစ်တဲ့ allopurinol,probenecid နှင့် feuxostat တို့ဖြစ်ကြပါတယ်။

ဂေါက်ကိုမဖြစ် အောင် အစားရွေးစားရာတွင်

• Purines များတဲ့ အစားအစတွေကို လျှော့စားပါ။
• ပြည့်ဝဆီနည်းတဲ့ အစားအစာ၊အဆီနည်းတဲ့ နို့ထွက်အစားအစာတွေကို စားပါ။ 
• ဟင်းသီး ဟင်းရွက်တွေနှင့် သီးနှံတွေက သဘာဝသကြားကို သန့်စင်ပြီ သကြားနှင့် အစားထိုးပါ။
• အသားနီနှင့် ပင်လယ်စာတွေ ရှောင်ပါ။
• သန့်စင်တဲ့ အရည်သောက်မှုကို လုံလုံလောက်လောက်ထားပါ။
• အရက်လျှော့သောက် သို့ ရှောင်ပါ။ အထူးသဖြင့် ဘီယာမသောက်ပါနဲ့

သင့်မှာ ရုတ်တရက် ဂေါက်ဖြစ်လာချိန်မှာ လက်ထဲမှာ ဂေါက်အတွက် ဆေးမရှိသေးတဲ့ အချိန်မှာ အောက်ပါနည်းလမ်းများနဲ့ ဂေါက်ကို သက်သာအောင်လုပ်နိုင်ပါတယ်။
ဖြစ်တဲ့ ခြေထောက်ကို မြှင့်ထားခြင်းဖြင့် အရောင်ကျစေပါတယ်။
ရောင်နေတဲ့ အဆစ်ကို မိနစ် ၂၀ ခန့် ရေခဲ အုပ်ပါ။
လိုအပ်သလို ခဏခဏ ပြန်ကပ်ပေးပါ။ သို့သော် ဖြစ်တဲ့ ခြေထောက်က ပုံမှန် အပူချိန်ပြန်ရောက်သွားပြီးမှ သာ ရေခဲ ပြန်ကပ်ပါ။ Credit:

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 5,177

Healthy Organization, provided by MyHealthcare

Featured on