နာနတ်သီးစားချင်း၏ ကျန်းမာရေးကောင်းကျိုးများ

နာနတ်သီးစားချင်း၏ ကျန်းမာရေးကောင်းကျိုးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရော ပါဝင်မှုနဲပါးပြီး၊ လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့ စုဝေးရာအရင်းအမြစ်လည်းဖြစ်ပါသည်။

၁။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတယ်

နာနတ်သီး သည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ်ပါသည်။ အထူးသဖြင့် အသီးအလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က အောက်ပါအတိုင်းကျန်းမာရေးကိုကောင်းကျိုးပြုပါသည်။ အကိုက်အခဲပျောက်ဆေး(NSAIDs)များထက် ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ်လွဲပြီးနောက်ဖြစ်တတ်သော ရောင်ရမ်းနာကျင်မှုတို့ကို ထိထိရောက်ရောက် သက်သာစေ ပါသည်။

၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

နာနတ်သီးသည် လိမ္မောသီးကဲ့သို့ပင် ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေး၊ ချောင်ဆးိုး ခြင်းကိုတိုက်ထုတ်ပေး ပါသည်။ သို့သော် နာနတ်သီးထဲတွင် Bromelain ဓာတ်ပါရှိနေသည့်အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်းထက်စေပါသည်။

၃။ အနာကျက် မြန်စေတယ်

ခွဲစိတ်ခန်းဝင်ပြီးနောက် အနာကျက်အမြန်ကျက်စေရန်အတွက် နာနတ်သီးစားပေးသင့်ကြောင်း ဂျာမနီဆေးသုတေသီ များက တိုက်တွန်းထားကြပါသည်။

၄။ အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

နာနတ်သီးအူတိုင်မှာ အရိုးကို အားကောင်းစေတဲ့ သတ္တုဓာတ် Copper နဲ့ Manganese တို့အပြင် အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောင်မှုမှာ အဓိကကျတဲ့ Collagen ပါဝင်တာကြောင့် အရိုးကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ အစာချေစနစ်ကို ကောင်းမွန်စေတယ်

နာနတ်သီးသည် သဘာဝအစာအိမ်မှထွက်သောအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာချေစနစ်ကို တိုးတက်ကောင်းမွန် စေပြီး၊ ဝမ်းဖောဝမ်းယောငင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာ နှင့် လေပူထိုးခြင်းတို့ကို သက်သာစေနိုင်ပါသည်။ ဝမ်းချုပ်ခြင်းမှ လည်းကာကွယ်ပေးပါသည်။

MyHealthcare app ကိုဒေါင်းလုပ်ထားပြီးကျန်းမာရေးပြဿနာများကို အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 1,302

Healthy Organization, provided by MyHealthcare

Featured on