ဆံပင်ကျွတ်စေသော အကြောင်း ၅ ချက်

လူအများစုက တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ အထိ ပုံမှန်ကျွတ်တက်ပါတယ်။ များသောအားဖြင့် ပုံမှန် ဆံပင်ကျွတ်တာကတော့ ခေါင်းဖြီးတဲ့ အခါ ဘီးမှာ ဆံပင်တွေပါလာတာနဲ့ အင်္ကျီပေါ်မှာ ဆံပင်တွေ ကပ်တင်နေတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်မဟုတ် တဲ့ ဆံပင်ကျွတ်တာကတော့ သင်သတိ ထားမိလောက်အောင် ဆံပင်တွေ အ ထွေးလိုက် ကျွတ်တာမျိုးပါ။ ဒါမှမဟုတ် တဖြည်းဖြည်းနဲ့ ဆံပင်တွေ သိသိသာသာ ပါးလာတတ်ပါတယ်။ ရုတ်တရက် သိသိသာသာ ဆံပင်ကျွတ်တယ်ဆိုရင် တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါ တယ်။

► သိုင်းရွိုက်ပြဿနာများ

သိုင်းရွိုက်ဆိုတာ သင့်လည်ပင်းရဲ့ အခြေလေးမှာရှိနေတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းတစ်ခုပါ။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအတော်များ များကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ အဲဒီ ဂလင်းက သိုင်းရွိုက်ဟော်မုန်း ထုတ်ပေး တာ နည်းတာ၊ များတာတွေ ဖြစ်တဲ့အခါ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်ကလည်း လွဲချော် သွားတတ်ပါတယ်။ ဒါပေမဲ့ သိုင်းရွိုက်ဂ လင်းရောဂါကြောင့် ဆံပင်ကျွတ်တာကို တခြားရောဂါလက္ခဏာတွေ ဖြစ်တဲ့ ကိုယ်အလေးချိန်တက်တာ၊ ကျတာ၊ အပူ၊ အအေးမခံနိုင်တာနဲ့ နှလုံးခုန်နှုန်း ပြောင်းလဲတာတွေလောက် မတွေ့ရ တတ်ပါဘူး။

► ကလေးမွေးခြင်း
တချို့မိန်းကလေးတွေက ကိုယ်ဝန် ဆောင်ချိန်မှာ ဆံပင်တွေ များလာတတ် တာကို သတိပြုမိတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ များလာတာကြောင့် ဆံပင်တွေ မကျွတ် ဘဲ ခဏတာ ရပ်တန့်နေတာပါ။ ဒါဟာ ပုံမှန်ပါပဲ။ ကလေးမွေးပြီးချိန်မှာတော့ ဟော်မုန်းပမာဏက ပုံမှန်အခြေအနေကို ပြန်ရောက်သွားတာကြောင့် ရပ်တန့်နေ တဲ့ဆံပင်တွေက အလျင်အမြန် ကျွတ်ကျ လာပါတယ်။ တစ်ချိန်တည်းမှာ ဆံပင် တွေ အများကြီးကျွတ်သွားတာကြောင့် အံ့အားသင့်နိုင်ပါတယ်။ နောင်နှစ်နှစ်ကြာ တဲ့အခါ ဆံပင်တွေ နဂိုအတိုင်း ပြန်ဖြစ် သွားနိုင်ပါတယ်။

► ဆေးဝါး
ပဋိသန္ဓေတားဆေးတွေက ဆံပင် ကျွတ်စေပါတယ်။ သားဥကြွေတဲ့ဖြစ်စဉ် ကို ဖိနှိပ်ထားတဲ့ ဟော်မုန်းတွေက တချို့ မိန်းကလေးတွေမှာ ဆံပင်ကျွတ်စေပါ တယ်။ မိဘမျိုးရိုးမှာ ဆံပင်ကျွတ်ဖူးတဲ့ ရာဇဝင်ရှိရင် သင်လည်း ဆံပင်ကျွတ် တတ်ပါတယ်။ တချို့မိန်းကလေးတွေ ကျတော့ ဆေးဖြတ်လိုက်မှ ဆံပင်ကျွတ် တာဖြစ်တတ်ပါတယ်။ သွေးကျဲဆေး၊ သွေးပေါင်ထိန်းညှိပေးတဲ့ တချို့ဆေး ဝါးတွေ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာအတွက် အသုံး ပြုရတဲ့ ဆေးတွေကလည်း ဆံပင်ကျွတ် တာနဲ့ ဆက်စပ်မှု အနည်းငယ်ရှိပါတယ်။

► အစာလျော့စားခြင်း
သင်က ကိုယ်အလေးချိန်လျှော့ချလို တာကြောင့် အစားအသောက်တွေ လျှော့ ချစားသောက်နေတာကြောင့် ဆံပင် ကျွတ်တာကို ဖြစ်စေပါတယ်။ ကိုယ် အလေးချိန် ၁၅ ပေါင်လျော့ကျသွားပြီး သုံးလကနေ ခြောက်လအတွင်း ဆံပင် ကျွတ်တာကို သင်သတိထားမိမှာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအ သောက်တွေကို စားသုံးရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်ပါတယ်။

► ဖိစီးမှု များလွန်းခြင်း
ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ အ လွန်အမင်းများလွန်းတဲ့အခါ ဦးရေပြားမှာ ရှိနေတဲ့ ဆံပင်တွေရဲ့ လေးပုံတစ်ပုံ လောက်က ရုတ်တရက်ကျွတ်နိုင်ပါတယ်။ ဆံပင်ကျွတ်တာက ခြောက်လကနေ ရှစ်လအထိ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 1,266

Healthy Organization, provided by MyHealthcare

Featured on