အချိန်သက်တန်းအရ အလှကုန်ပစ္စည်းတွေကို ဘယ်လောက်ကြာအောင်သုံးစွဲသင့်လဲ..?

မိန်းကလေးတိုင်းရဲ့ နေ့စဉ်ဘဝမှာ မပါမဖြစ် အသုံးပြုနေကြတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်လိုအချိန်မှာ အသုံးမပြုသင့် တော့ဘူးလဲဆိုတာဟာ အရေးကြီးအချက်တချက်ပါ။ ဝယ်ထားပြီး အသုံးမပြုဖြစ်တဲ့ အလှကုန်ပစ္စည်းတွေလည်း ရှိနိုင်သလို တခါတရံမှသာ အသုံးပြုလေ့ရှိတဲ့ အလှကုန်ပစ္စည်းတွေလည်း ရှိတတ်ပါတယ်။

ဒီလိုအလှကုန်ပစ္စည်းတွေ အသုံးမပြုသင့်တော့တဲ့ အချိန်မှာ နှမြောပြီး အသုံးပြုမိမယ်ဆိုရင် အသားအရေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်တာကြောင့် အလှအပချစ်သူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

► Mascara

မျက်တောင်ကော့တဲ့အခါ အသုံးပြုတဲ့ Mascara ကို သုံးလကနေ လေးလလောက်အထိသာ အသုံးပြုသင့်ပြီး အဲဒီထက်ပိုပြီးအချိန်ကြာကြာ အသုံးပြုမယ်ဆိုရင် မျက်သားခမ်းခြောက်တာ၊ မျက်လုံးထိခိုက်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် သုံးလတကြိမ် ပြောင်းလဲသုံးစွဲပေးသင့်ပါတယ်။

► Eyeliner

Eyeliner တွေကတော့ အမျိုးအစားပေါ်မူတည်ပြီး ကြာရှည်ခံပါတယ်။ Liquid Type အရည်ပုံစံဆိုရင်တော့ သုံးလကနေ ခြောက်လလောက်အထိ အသုံးပြုနိုင်ပြီး Pencil Type ဆိုရင်တော့ ခြောက်လကနေ တနှစ်အထိ အသုံးပြုနိုင်ပါတယ်။

► နှုတ်ခမ်းနီ

နှုတ်ခမ်းနီတွေဟာဆိုရင်လည်း အမျိုးအစားပေါ်မူတည်ပြီး အချိန် ၁ နှစ်လောက်ထိ အသုံးပြုနိုင်ပါတယ်။ အရောင်မပြယ်မချင်း အနံ့ဆိုးမထွက်မချင်း အသုံးပြုတာမျိုးကို မပြုလုပ်သင့်ဘဲ Lip Gloss တွေဆိုရင်တော့ ၆ လ ကနေ ၈ လအထိလောက်ပဲ အသုံးပြုသင့်ပါတယ်။

► Foundation and Concealer

မိတ်ကပ်အမြဲလိမ်းတဲ့ ပျိုမေတွေ သိထားသင့်တဲ့ အချက်တခုပဲ ဖြစ်ပါတယ်။ အောက်ခံမိတ်ကပ်နဲ့ Concealer တွေကိုတော့ တနှစ်လောက်အထိ အသုံးပြုနိုင်ပြီး တနှစ်ကျော်သွားရင်တော့ ဆက်လက်အသုံးမပြုသင့်တော့ပါဘူး။

► ရေမွှွေး

ရေမွှေးတွေကတော့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ အလှကုန်ပစ္စည်းတမျိုးဖြစ်ပါတယ်။ ၃ နှစ်ကနေ ၅ နှစ်လောက်အထိထားပြီး အသုံးပြုနိုင်တာကြောင့် ရေမွှေးစုဆောင်းရတဲ့ ဝါသနာပါသူတွေအတွက်တော့ သတင်းကောင်းပါပဲ။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 271

Healthy Organization, provided by MyHealthcare

Featured on