ဝိတ်ချလိုက်ရင်ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးရနိုင်သလဲ

ဝိတ်ချလိုက်ရင်ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးရနိုင်သလဲ

သင့်အနေနဲ့ အစာရှောင်တာ၊ အ စာလျှော့စားတာ၊ လေ့ကျင့်ခန်းလုပ်တာ တွေပြုလုပ်ပြီး ဝိတ်ကျသွားတဲ့အခါမှာ သင်ရဲ့ အပေါင်းအသင်းမိတ်ဆွေတွေ က သင့်ကိုပိန်သွားလိုက်တာ၊ ကိုယ်လုံး လေးလှလာတယ်၊ ပိုကြည့်လို့ကောင်း လာတယ်လို့ ပြောတဲ့စကားတွေအပေါ် သင်သာယာမိမှာပါ။ သင် ဝိတ်ကျသွား တဲ့အခါမှာ ဒီလိုသင့်အလှအပအတွက် ကြည်နူးစရာစကားတွေသာ ကြားရလိမ့် မယ်လို့ မထင်မိလိုက်ပါနဲ့။ ဝိတ်ကျသွား တာကြောင့် သင်ရဲ့ ကျန်းမာရေးအပေါ်မှာပါထင်ထားတာထက် ကောင်းကျိုး တွေ အများကြီးရရှိလာနိုင်ပါတယ်။ ဝိတ်ကျတာကြောင့် အမျိုးအစား(၂) ဆီးချိုရောဂါ၊ နှလုံးရောဂါတွေဖြစ်နိုင် ခြေနည်းသွားတဲ့အပြင် အောက်ပါ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

သွားနှင့်သွားဖုံးကျန်းမာရေးကောင်း မွန်လာခြင်း

အဝလွန်တာကြောင့် သွားဖုံးရောင် ရောဂါရရှိနိုင်ပါတယ်။ လေ့လာမှုအများ အပြားအရ အဝလွန်တဲ့လူငယ်တွေမှာ သွားနဲ့သွားဖုံးရောဂါရနိုင်ခြေ အလွန် မြင့်မားတယ်လို့ သိရပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့အစာစားတာ၊ ကာယ လေ့ကျင့်ခန်းပြုလုပ်တာနဲ့ ကိုယ်အ လေးချိန်ကို စံနှုန်းအတိုင်းဖြစ်အောင် ထိန်းသိမ်းနိုင်တာတွေက သွားနဲ့သွားဖုံး ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အဓိ ကသော့ချက် ဖြစ်ပါတယ်။

အဆစ်ရောင်ရောဂါသက်သာနိုင်ခြင်း

သင့်အနေနဲ့ အဝလွန်နေရင် ခန္ဓာ ကိုယ်ထဲမှာရှိတဲ့အရိုးတွေက သင်ရဲ့ ပိုလျှံနေတဲ့အလေးချိန်တွေကို ပိုမိုထမ်း ထားရတဲ့အတွက် အားပျော့သွားပြီး ကိုက်ခဲလာနိုင်ပါတယ်။ ကိုယ်အလေးချိန် အနည်းငယ်လျော့ကျရုံနဲ့ အဆစ်ရောင် ရောဂါတွေ သက်သာသွားပြီး အရိုးအ ဆစ်ကိုက်ခဲတဲ့ဝေဒနာဖြစ်နိုင်ခြေတွေ လျော့ကျသွားနိုင်ပါတယ်။ လေ့လာမှုအ များအပြားအရ အသက်ကြီးသူတွေအနေ နဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်ရုံနဲ့ အ ဆစ်ရောင်ဝေဒနာဟာ လေးဆလောက် သက်သာသွားတယ်လို့ သိရပါတယ်။

နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်း

နှလုံးဟာ ခန္ဓာကိုယ်အတွင်းက အ ရေးကြီးဆုံးသော ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်တွင်းအင်္ဂါ အားလုံး နေ့စဉ် လုပ်ဆောင်ချက်ပြုလုပ် နိုင်ဖို့အတွက် အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးပါတယ်။ ကိုယ်အလေး ချိန် မြင့်မားလွန်းတာကြောင့် နှလုံးရဲ့ လုပ်ငန်းဆောင်တာမှာ ဒဏ်ပိနိုင်ပါတယ်။ ဒါကြောင့် အဝလွန်သူတွေက ပုံမှန်ကိုယ် အလေးချိန်ရှိသူတွေထက် နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ဖို့ အတွက် ဆေးဝါးမပေါ်ပေါက်သေးပါဘူး။ ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်း ကတော့ ကိုယ်အလေးချိန်ကို စံယူနစ်အ တွင်းရရှိအောင် ထိန်းထားတာပါပဲ။

အမျိုးသမီးများ အလွယ်တကူကိုယ် ဝန်ရရှိနိုင်ခြင်း

အမျိုးသမီးတစ်ယောက် ကျန်းမာ ပြီး ဓမ္မတာစက်ဝန်းမှန်ကန်နေဖို့အတွက် ခန္ဓာကိုယ်အလေးချိန်က အဓိကနေရာ ကနေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အလေး ချိန်အနည်းငယ်လောက်မြင့်တက်ရုံနဲ့ တောင် ဓမ္မတာစက်ဝန်း ကမောက်ကမ ဖြစ်ပြီး ကလေးရနိုင်တဲ့အခွင့်အရေး နည်းပါးသွားနိုင်ပါတယ်။ ဝိတ်ချရမယ်ဆို ပေမယ့်လည်း အလွန်အမင်း ကိုယ်အ လေးချိန်ကျဆင်းအောင်တော့ မပြုလုပ် သင့်ပါဘူး။ ပိန်လွန်းသွားရင်လည်း က လေးရရှိဖို့ ခက်ခဲသွားနိုင်တာကြောင့်ပါ။

အရေပြားကျန်းမာရေး ကောင်းမွန် လာခြင်း

ခန္ဓာကိုယ်တွင်းမှာ အဆီစုဆောင်းမှု များလွန်းနေရင် အရေပြားရဲ့ ပုံမှန်လုပ် ငန်းစဉ်တွေကို အနှောင့်အယှက်ပေးနိုင် ပါတယ်။ သင့်အရေပြားဟာ အဆီနဲ့ ဆီ တွေကြားမှာ အသက်ရှူနေရသလိုမျိုး ဖြစ်ပြီး အရေပြားအတွက် လေဝင်လေ ထွက်မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့် အရေပြားက ခြောက်သွေ့ပြီး ပျက်စီး လွယ်သွားပါတယ်။ ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ ကိုယ်အလေးချိန်ရှိမှသာ အရေ ပြားကျန်းမာရေးကောင်းမွန်ပြီး လှပချော မွေ့ကာ ဓာတ်မတည့်မှုဒဏ်ကနေ ကင်း စင်နိုင်မှာပါ။

ဇီဝနရီ မှန်ကန်လာနိုင်ခြင်း

အဝလွန်သူတွေအနေနဲ့ အိပ်စက် မှုစက်ဝန်း ကမောက်ကမဖြစ်နေတတ်ပါ တယ်။ ကျန်းမာပြီး အာဟာရပြည့်ဝတဲ့ ခန္ဓာကိုယ်ရှိကာ လေ့ကျင့်ခန်းအသင့်အ တင့်ပြုလုပ်ပါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်မှာဖြစ်ပါတယ်။ ယနေ့ခေတ်အခါမှာ အသက်ရှူမဝတာကြောင့် တစ်ရေးနိုးတဲ့ ရောဂါ (Slနနစ ဗစညနa) ဖြစ်သူတွေ အလွန်ပေါများလာပါပြီ။ အထူးသဖြင့် အဝလွန်သူတွေမှာပါ။ ၄၅ ရာခိုင်နှုန်းအ ထိမြင့်တက်နေတယ်လို့ သိရပါတယ်။ အိပ်နေစဉ်အတွင်း စက္ကန့်အနည်းငယ် အသက်ရှူမဝတာကြောင့် ရုတ်တရက် နိုးလာတဲ့အခြေအနေပါ။ ခန္ဓာကိုယ်အ လေးချိန်ကို စံယူနစ်အတွင်း ထိန်းထား နိုင်ရင် ဒီရောဂါလက္ခဏာတွေ သက် သာလာနိုင်ပါတယ်။

ဆံသားနှင့် လက်သည်းခြေသည်းသန် မာလာနိုင်ခြင်း

အမျိုးသမီးတွေအနေနဲ့ ဆံပင်နဲ့ လက်သည်းခြေသည်းလှပမှသာ ဆွဲ ဆောင်မှုရှိမှာပါ။ ဦးရေပြားအတွက် အာဟာရပြည့်ဝတဲ့အစားအစာ စားပါမှ ဆံသားကျန်းမာရေး ကောင်းမွန်မှာပါ။ ဒီလိုပါပဲ၊ ခြေသည်းလက်သည်းကွဲတာ က ခန္ဓာကိုယ်အတွင်း သံဓာတ်ချို့တဲ့နေ တာကြောင့်ပါ။ သင်ရဲ့ ဇီဝရုပ်ဖြစ်စဉ် ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ် တဲ့အစာစားပါမှ ကိုယ်ကျန်းမာရေး ကောင်းမွန်ပြီး ဆံသားနဲ့ ခြေသည်း လက်သည်းကျန်းမာလှပနိုင်မှာပါ။

ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်လာ နိုင်ခြင်း

အဝလွန်တာကြောင့် ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းနေရုံသာမက အ သက်ရှည်နှုန်းကိုပါ ထိခိုက်နိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ လူတစ်ယောက်ရဲ့ အသက်ရှည်နှုန်းက ခန္ဓာကိုယ် အရပ် အမောင်းနဲ့ အလေးချိန်အချိုးအစား BMI ပေါ်မှာ မူတည်တယ်လို့ သိရပါ တယ်။ ဒါကြောင့် သင့်အနေနဲ့ သတ် မှတ်ထားတဲ့ BMI အတွင်း ရရှိအောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့် ပါတယ်။ ခန္ဓာကိုယ်ကျန်းမာလေလေ၊ အသက် ပိုရှည်နိုင်လေလေပါ။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 636

Healthy Organization, provided by MyHealthcare

Featured on